ရှေးဟောင်းကျောင်းတော်ကြီးတွင် မူလတန်းအဆင့် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှေးဟောင်းကျောင်းတော်ကြီးတွင် မူလတန်းအဆင့် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းဖွင့်လှစ်







နေပြည်တော်၊ မေ ၂၀

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးတွင် မူလတန်းအဆင့် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဒေါက်တာ အရှင်ကုမာရ က သြဝါဒစကားမိန့်ကြားပြီး ဖွင့်လှစ်ပေးခဲ့ကြောင်း၊ သင်တန်းသား/ သင်တန်းသူ ၆၀ ဦး နှင့် လေ့လာသူအဖြစ် တက်ရောက်သူ ၃၈ ဦး ရှိကြောင်း သိရသည်။

ရှေးဟောင်းကျောင်းတော်ကြီး ဆရာတော် ဦးပညာ က "ရှေးဟောင်းဓမ္မစကူးလ် ကတော့ မြနန်းဆရာတော်နဲ့ ဘုန်းဘုန်းနဲ့ ဦးဆောင်တာပါ။ ဒီမှာ ဆရာဖြစ်သင်တန်းပေးတာတော့ ဒါက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို)အနေနဲ့ဆိုရင် (၁၃၉၃) ကြိမ်မြောက် ဖြစ်ပြီပေါ့။ ဒါက တစ်နိုင်ငံလုံးမှာ လှည့်လည်ပြီး ဆရာဖြစ်သင်တန်း ပို့ချပေးနေတဲ့ အခြေအနေပါ။ ရှေးဟောင်းကျောင်းတော်ကြီးမှာ ၂ ကြိမ် ရှိသွားပါပြီ။ သင်တန်းသား/ သင်တန်းသူတွေကတော့ နေပြည်တော်အတွင်းကပါပဲ။ လေ့လာသူတွေလည်း တက်ရောက်ကြပါတယ်" ဟု မိန့်ကြားသည်။

ရှေးဟောင်းကျောင်းတော်ကြီး ဓမ္မစကူးလ်သည် နှစ်စဉ်မပြတ် ဓမ္မစကူးလ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး စာမေးပွဲကျင်းပ၍ နှစ်စဉ် နှစ်တိုင်း ဆုများချီးမြှင့်ပေးခြင်း၊ ဓမ္မစကူးလ်ကို ပြတ်ရက်မရှိ တက်ရောက်သော ကျောင်းသား/ ကျောင်းသူများကိုလည်း ဆရာတော် ဦးပညာ က ဦးဆောင်၍ ဓမ္မစကူးလ်အောင်ပွဲ အခမ်းအနားများ ကျင်းပပေးလျက်ရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)