ညောင်လေးပင် ၊ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်၌ သာသနာ့ဗိမာန်တော်ကြီး၏ နှစ်ထပ်ဆွမ်းစားဆောင် ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပပြုလုပ်သည့် မြေသန့်နှင့်ပန္နက်တော်တင် မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သာသနာ့ဗိမာန်တော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် " နမောတဿ "သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ဆရာတော်ကြီးများမှ မြေသန့်ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ ပန္နက်တော်တင် မဟာမင်္ဂလာပြုလုပ်ရန်အတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများက သတ်မှတ်ထားသော နေရာအသီးသီး၌ ပန္နက်တော်တင်မဟာမင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ပြီး " ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု " ဟုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment