ပျော်ဘွယ် ၊ မေ ၁၈
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၌ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မေ ၁၈ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများသို့ သွားရောက် ကွင်းဆင်းဆောင်ရွက်သည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၌ မီးဘေးကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ အသင့်ထားရှိမှု၊ လျှပ်စစ်ဝါယာကြိုးများနှင့် ပြုပြင်ထိန်းသိမ်းမှု၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက သတိပေးစနစ်တပ်ဆင်ထားမှု၊ ရေသိုလှောင်ထားမှု၊ မီးငြိမ်းသတ်ရေးပစ္စည်းများအား သက်ဆိုင်ရာဝန်ထမ်းများအသုံးပြုတတ်မှု စသည်တို့အားကြည့်ရှုပြီး လိုအပ်သောအကြံဉာဏ်များပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment