ပဲခူးတိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များ သက်ဆိုင်ရာစုရပ်အလိုက် ဖြန့်ဝေ ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များ သက်ဆိုင်ရာစုရပ်အလိုက် ဖြန့်ဝေ ပေးလျက်ရှိ






ပဲခူး၊ မေ ၁၈

 ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေရွယ်ကလေး တိုင်း ကျောင်းအပ်နှံနိုင်ရေးနှင့် စာသင်ခန်းတွင် ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ ဆရာ/ဆရာမ များ၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများက သက်ဆိုင်ရာစုရပ်အလိုက် “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစို့” လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခြင်း မေလ (၁၄)ရက်နေ့မှစ၍ မြို့နယ်(၂၈)မြို့နယ်ရှိ သက်ဆိုင်ရာစုရပ်အလိုက် နေ့စဉ်ပြုလုပ်ပေးလျက်ရှိသည်။

 ထို့သို့ ဖြန့်ဝေရာတွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ရပ်မိ/ရပ်ဖများ ပူးပေါင်း၍ လူစည်ကားရာ ဈေးများ၊ လမ်းမများ၊ စာသင်ကျောင်းရှေ့များတို့တွင်လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များက ရပ်ကွက်/ကျေးရွာအလိုက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့် ကျောင်းနေမြဲ ရေး စသည်တို့အား လိုက်လံနှိုးဆော်ခြင်းတို့အား အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)