ကုလသမဂ္ဂအဆောက်အအုံကို ဖျက်ပြီး စစ်ရုံးဆောက်မယ်လို့ အစ္စရေးပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ကုလသမဂ္ဂအဆောက်အအုံကို ဖျက်ပြီး စစ်ရုံးဆောက်မယ်လို့ အစ္စရေးပြော


မေ - ၁၈ (တနင်္လာနေ့ ) 

အရှေ့ဂျေရုဆလင်ရှိ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်သမားအေဂျင်စီ (UNRWA) ဌာနချုပ်နေရာ၌ စစ်ဘက်ဆိုင်ရာ အဆောက်အအုံအသစ် တည်ထောင်ရန် အစီအစဉ်ကို အစ္စရေးက အတည်ပြုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် က ကြေညာခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုအတွင်း အစ္စရေးကို ဟားမက်စ်တွေ အလစ်တိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး UNRWA ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲချက်နဲ့ အစ္စရေး အာဏာပိုင်တွေက အဲ့ဒိအဆောက်အအုံ နဲ့ ခြံဝင်းကို သိမ်းပိုက်ဖြိုဖျက်ခဲ့ပါတယ်။ အစ္စရေးလွှတ်တော် ပါလီမန်အမတ်များက အစ္စရေးထိန်းချုပ်မှု ဒေသများရှိ အဖွဲ့အစည်းရဲ့လုပ်ဆောင်မှုများကို တားမြစ်တဲ့ ဥပဒေအား အတည်ပြုပြီးနောက် ၂၀၂၄ ခုနှစ်တွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဖြိုဖျက်ခဲ့တာပါ။ 

ဒီဇင်ဘာလတွင် ကာကွယ်ရေးဝန်ကြီးဌာနက ဂျေရုဆလင်မြို့တော်တွင် ကာကွယ်ရေးဌာနချုပ်အသစ် တည်ထောင်ရန် နဲ့ ထိုနေရာတွင် စစ်ဘက်ကောလိပ်များစွာကို ပြောင်းရွှေ့ရန် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ ခြံဝင်းသည် အန်မြူနေးရှင်းတောင်ကုန်းအနီး ကိုးဧကခန့် ကျယ်ဝန်းမည်ဖြစ်ပြီး IDF ပြတိုက်၊ လူသစ်စုဆောင်းရေးရုံးများနှင့် ကာကွယ်ရေးဝန်ကြီးအတွက် အဆောက်အအုံများ ပါဝင်တယ်လို့ သိရပါတယ်။ 

အချုပ်အခြာအာဏာ၊ ဇီယွန်ဝါဒနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ကိုယ်စားပြုတယ်လို့ ကတ်ဇ် က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ၁၉၄၈ အာရပ်-အစ္စရေးစစ်ပွဲအတွင်း ပါလက်စတိုင်းများကို ထောက်ပံ့ရန်အတွက် ဖန်တီးထားတဲ့ အဆောက်အအုံဖြစ်လို့ တရားမျှတမှုမရှိလို့ ပြောခဲ့ပါတယ်။ 

UNRWA အကြီးအကဲ ဖိလစ်ပီ လာဇာရီနီ ကတော့ ရုံးကို ဖျက်ဆီးခြင်းသည် နိုင်ငံတကာဥပဒေကို ပွင့်ပွင့်လင်းလင်း ဖီဆန်ခြင်း ဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။ ကုလသမဂ္ဂဘက်ကတော့ ဟားမတ်စ် အဖွဲ့အစည်း ဆိုင်ရာ ပံ့ပိုးကူညီတယ်ဆိုတာကို ငြင်းဆိုခဲ့ပေမဲ့ UNRWA မှ ဝန်ထမ်းကိုးဦးသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နိုင်တယ်ဆိုတဲ့ အထောက်အထားများ ရထားပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)