ကျောက်မဲ ၊ မေ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက်သက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရောင်းချရာတွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးဇုန်လုပ်ငန်းရှင်များက ပြင်ပတွင် တစ်လုံးလျှင် ၅၀၀ ကျပ်ရှိသော ကြက်ဥများကို ၄၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးရာ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများအတွက် ပထမဆုံးအကြိမ် ရောင်းချပေးခြင်းဖြစ်ပြီး နောင်လများတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။ ပင်စင်စားဝန်ထမ်းများအတွက်မူ ကြက်ဥရောင်းချပေးခြင်းကို ပြီးခဲ့သည့် မတ်လမှစတင်ကာ လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ စားသုံးသူရေးရာဦးစီးဌာနကလည်း ပြင်ပဈေးကွက်၌ တစ်ပိဿာ ၁၂၅၀၀ ကျပ်ရှိသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျက်ရှိရာ အဆိုပါစားအုန်းဆီရောင်းချမှုကိုမူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ကာ ဝန်ထမ်းများနှင့် ပင်စင်စားများအတွက် လစဉ်မပြတ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ယနေ့ရောင်းချမှုအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment