မော်လိုက်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လိုက်မြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်


မော်လိုက်  ၊ မေ  ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းကို မေလ(၆) ရက်နေ့နံနက် (၉)နာရီက မြို့မ(၁) ရက်ကွက် သရက်ကုန်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများကို ဦးစားပေးအနေဖြင့် လည်းကောင်း၊ အသက် (၁၀)နှစ်မှ(၁၈)နှစ်အထိ လဲလှယ်သူများ၊ ပျောက်ဆုံးပျက်စီးသူများကိုလည်းကောင်း၊ ဓာတ်ပုံရိုက်ခြင်း၊ သွေးစစ်ခြင်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူးရုံး၊ ကျန်းမာရေးဌာနနှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကပူးပေါင်း၍ One stop service ဖြင့် ဆောင်ရွက်ပေးနေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ(၁)ရက်နေ့မှ ဇူလိုင်(၃၁)ရက်နေ့အထိ သွားလာနိုင်သည့် မြို့ပေါ်ကျောင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်လဝကဦးစီးမှူးထံမှ သိရသည်။

ကိုထက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)