ပဲခူး၊ မေ ၆
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ်(၁/၂၀၂၆-၂၀၂၇) သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စက်မှုလယ်ယာကဏ္ဍသို့ ကူးပြောင်းရေး နည်းလမ်းပေါင်းစုံဖြင့် ဦးစားပေး ဆောင်ရွက် လျက်ရှိကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ် သကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်ဆောင် ရွက်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှာသာ အချိန်တိုအတွင်း အောင်မြင်နိုင်မှာဖြစ် ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေး ဆောင်ရွက်ရာမှာ အဓိကအရေးပါသည့် တောင်သူလယ်သမား မျိုးဆက်သစ်များအနေအား ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ စပါးရိတ်သိမ်းခြွေလှေ့စက်နှင့် ကောက် စိုက်စက် မောင်းနှင်ထိန်းသိမ်းခြင်း ပညာရပ်များကို စာတွေ့/လက်တွေ့ ပေါင်းစပ်သင်ကြားပို့ချသွားမှာဖြစ် ၍ စိုက်ပျိုးရေးကဏ္ဍအတွက် ပိုမိုအကျိုးဖြစ်ထွန်းလာမှာဖြစ်ကြောင်းနှင့် သင်တန်းမှ စနစ်တကျ တတ်မြောက် လာမည့် အတတ်ပညာများကို မိမိတို့ မိတ်ဆွေအသိုင်းအဝိုင်းများကို လက်ဆင့်ကမ်းမျှဝေပေးခြင်း၊ လက်တွေ့အသုံးချခြင်းတို့ဖြင့် မိမိရပ်ရွာဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏ လယ်ယာထုတ်ကုန် တိုးတက် မြင့်မားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ကြား သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက သင်တန်းကျောင်း ဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ သင်တန်း၌စာတွေ့သင်ကြားမည့် ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ လယ်ယာသုံး စက် ကိရိယာ အသိပညာပေးစာဆောင်များနှင့် သင်တန်းတွင် လက်တွေ့မောင်းနှင်အသုံးပြုသင်ကြားမည့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၆-၂၀၂၇)တွင် ပဲခူးတိုင်းဒေသကြီးမှ(၅၀)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၁)ဦးနှင့် နေပြည်တော်မှ(၂)ဦး စုစုပေါင်း သင်တန်းသား(၅၃)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံသဘောတရားနှင့် ထွန်ယက်နည်းများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမှာ ဖြစ် ကြောင်း သတင်းရရှိသည်။
#MNP #News






No comments:
Post a Comment