ယူနက်စကို၌ ကျင်းပသည့် ဗုဒ္ဓနေ့အခမ်းအနားသို့ မြန်မာသံရုံး၊ ပါရီမြို့မှ ပါဝင်ဆင်နွှဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူနက်စကို၌ ကျင်းပသည့် ဗုဒ္ဓနေ့အခမ်းအနားသို့ မြန်မာသံရုံး၊ ပါရီမြို့မှ ပါဝင်ဆင်နွှဲ





ပါရီ၊ မေ ၆

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ယူနက်စကိုဌာနချုပ်၌ ဗုဒ္ဓနေ့ (Vesak Day) အခမ်းအနားကို “Let Us Make Haste to Stand Together for the Common Good” ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် ညနေပိုင်းတွင် ယူနက်စကိုဆိုင်ရာ သီရိလင်္ကာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဦးဆောင် ကျင်းပခဲ့ရာ မြန်မာသံရုံး/ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ သံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦး ပါဝင်တက်ရောက်ခဲ့သည်။ 

ယင်းအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစင်တာ ဥက္ကဋ္ဌ ဆရာတော် Ven. Parawahera Chandrarathana Thero နှင့် ယူနက်စကို ယဉ်ကျေးမှုကဏ္ဍ၊ ယာယီလက်ထောက်ညွှန်ကြားရေးမှူးချုပ် Mr. Lazare Eloundou Assomo တို့က ဗုဒ္ဓနေ့အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ယဉ်ကျေးမှုအကများ၊ ရိုးရာအစားအစာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မြန်မာသံရုံး၊ ပါရီမြို့မှ မြန်မာ့အစားအစာ မုန့်ဟင်းခါး၊ ဆနွင်းမကင်းတို့ဖြင့် တက်ရောက်လာကြသော ဧည့်သည်များအား ဧည့်ခံခဲ့သည်။

ထို့အပြင် မြန်မာသံရုံး၊ ပါရီမြို့အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ အမည်စာရင်းတင်သွင်းထားသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့် ၂၀၂၇ ခုနှစ်အတွက် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အဆိုပြုတင်ပြထားသည့် မြန်မာ့ လက်ဖက်ယဉ်ကျေးမှုဓလေ့တို့ကို သိရှိစေရန် အလေးထားပြသခဲ့သည်။

အဆိုပါအခမ်းအနားသို့ ယူနက်စကိုမှ တာဝန်ရှိသူများ၊ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ၊ သံတမန်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)