အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဖလမ်းမြို့သို့ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဖလမ်းမြို့သို့ရောက်ရှိ







နေပြည်တော်၊ မေ ၆

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထား သည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားခဲ့သည့် ဖလမ်းမြို့အား ဧပြီ ၂၅ ရက်တွင် တပ်မတော်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဖလမ်းမြို့နယ်တစ်ဝိုက်အား အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ် ထားစဉ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာ စည်းစိမ် များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို့၏လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဖက်ဖက်မှ နိမ့်ကျမှုများ၊ တိုက်ပွဲ၏ အနိဋ္ဌာရုံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့် တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ သည့်အတွက် ယခုကဲ့သို့ ဝမ်းမြောက်စွာ ကြိုဆိုလက်ခံကြပြီး ယာယီနေရပ်စွန့်ခွာ နေထိုင်ခဲ့ရသည့် ဒေသခံတိုင်းရင်းသား ပြည်သူအချို့မှာလည်း ၎င်းတို့၏နေရပ်ဒေသ များသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရှိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဖလမ်းမြို့နယ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက် ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းပျော်ရွှင်စွာ လူမှု စီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ၎င်းတို့၏မြို့/ရွာများရှိ နေအိမ်များတွင် ပြန်လည်နေထိုင် နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားစဉ် ယုတ်မာ ရိုင်းစိုင်းစွာ၊ အသိတရားကင်းမဲ့စွာဖြင့် မီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံ များ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် အကြမ်းဖက်သမားများ ရက်စက်ယုတ်မာစွာလုပ်ဆောင်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ်မှ ကင်းရှင်းစေရန် မြို့/ရွာများ အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ဖလမ်းဒေသခံပြည်သူလူထုအား လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးသွားရန်နှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည် ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများသည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်တော်ယာဉ်များဖြင့် ကလေးမြို့မှ ထွက်ခွာခဲ့ကြပြီး ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိလာကြရာ ဒေသခံတိုင်းရင်းသား ပြည်သူများက ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။

ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့်လည်း တိုက်ပွဲ၏ဆိုးကျိုးများကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ကြရသဖြင့် ငြိမ်းချမ်းမှုကိုသာ လိုလားကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးငယ်များ၏ ပညာသင်ယူခွင့်တို့ကိုလည်း ယခင်ငြိမ်းချမ်းစဉ်ကာလကဲ့သို့ပင် ပုံမှန်ပြန်လည် လည်ပတ်စေရန်မျှော်လင့်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အဖက်ဖက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် ဖလမ်းမြို့အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ချိန်များတွင် တပ်မတော်နှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် တပ်မတော်စစ်ကြောင်းများသည် ဖလမ်းမြို့အတွင်း အကြမ်းဖက် သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ် များအား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို တပ်မတော်နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်း များကလည်း ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)