ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၏ ငြိမ်းချမ်းရေးဆုတောင်းနှင့်သြဝါဒခံယူပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၏ ငြိမ်းချမ်းရေးဆုတောင်းနှင့်သြဝါဒခံယူပွဲ ကျင်းပ









တာမွေ၊ မေ  ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ကြီးမှူးကျင်းပ သော ငြိမ်းချမ်းရေးဆုတောင်းနှင့် သြဝါဒခံယူပွဲ အခမ်းအနားအားကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်ရှိ မဟာဗောဓိပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား ကြည်ညိုကန်တော့ခဲ့ကြပြီး မဟာဗောဓိပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တနန္ဒကမှ ငြိမ်းချမ်းရေးသြဝါဒတရား ချီးမြှင့်ဟောကြားခဲ့သည်။ 

ဆက်လက်၍ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဗဟို/တိုင်း/ခရိုင်/မြို့နယ်များမှ အလုပ်အမှုဆောင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား သင်္ကန်းပရိက္ခရာများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ‌ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ 

ထို့နောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးကျော်ဇင်လတ်(ဟိန္ဒူဘာသာ)၊ ဦးဗိုလ်ဗိုလ်မောင်(အစ္စလာမ်ဘာသာ)၊ အထွေထွေအတွင်းရေးမှူး ဦးသန့်ဇင်လှိုင်၊ ဗုဒ္ဓဘာသာအတွင်းရေးမှူး ဦးဇော်မိုးအောင်၊ အစ္စလာမ်ဘာသာအတွင်းရေးမှူး ဦးခင်မောင်ဇော်၊ ဗဟိုအမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်မြသွေး၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီအတွင်းရေးမှူး ဦးဟန်ဝင်းအောင်၊ ဘဏ္ဍာရေးမှူး ဦးမြင့်ဆန်း၊ အစ္စလာမ်ဘာသာဝင်ဧည့်သည်တော် ဦးဌေးအောင်၊ ရန်ကုန်တိုင်း ဒေသကြီးမှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးစိန်လှိုင်(ဗုဒ္ဓဘာသာ)၊ ဦးမိုးဇက်(ခရစ်ယာန်ဘာသာ)၊ အတွင်းရေးမှူး ဦးကျော်ဝင်း(အစ္စလာမ်ဘာသာ)နှင့် ဗဟို/တိုင်း/ခရိုင်/မြို့နယ်များမှ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ထက်တံခွန် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)