နေပြည်တော်၊ မေ ၁၅
ကလေးတက္ကသိုလ် အား လာမည့် ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း ရှိ၊ မရှိ မီဒီယာများ၏ မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာနက ကလေးတက္ကသိုလ်ကို အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ (၁၅-၅-၂၀၂၆) ရက်နေ့တွင် ပြန်လည်ဖြေကြားထားသည်။
ပညာရေးဝန်ကြီးဌာနက ဒေသလုံခြုံရေးအရ ကလေးတက္ကသိုလ်ကို ၆-၆-၂၀၂၄ ရက်နေ့မှစ၍ ကလေးမြို့ရှိ သူနာပြု နှင့်သားဖွားသင်တန်းကျောင်းတွင် ယာယီဖွင့်လှစ်ခဲ့ထားကြောင်း၊ ကလေးတက္ကသိုလ်ကို အဆိုပါ ကျောင်းနေရာတွင် ယာယီအားဖြင့် ဆက်လက်ဖွင့်လှစ်ထားပြီး ကလေးခရိုင်နှင့်ဆက်စပ် လျက်ရှိသောဒေသများ၏ ပညာရေးအခြေအနေ စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက် လျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကလေးတက္ကသိုလ်ကို မူလနေရာတွင် အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားထားသည်။
ကလေးမြို့အနီးဝန်းကျင်တွင် PDF အကြမ်းဖက်သမားများက တိုက်ပွဲများဖော်ဆောင်ပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိခြင်းကြောင့် ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိဘဲ ပိတ်ထားခဲ့ရခြင်း ဖြစ်သည်။
#MNP #News

No comments:
Post a Comment