မေ - ၁၂ ( အင်္ဂါနေ့ )
ဂရိလူဝင်မှုကြီးကြပ်ရေးဝန်ကြီး သာနိုးပလီဗရစ် က ဥရောပသို့ကူးလာရန် လစ်ဗျားနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ လူသန်းတစ်ဝက်ကျော် စောင့်ဆိုင်းနေကြတယ်လို့ ဆိုလိုက်ပါတယ်။ ရွှေ့ပြောင်းအခြေချ အကျပ်အတည်းသစ် တစ်ခုက အီးယူနိုင်ငံတွေဆီကို ဦးတည်လာနေပြီလို့လည်း ပြောပါတယ်။
၂၀၁၅ ခုနှစ် ဒုက္ခသည် အကျပ်အတည်းအတွင်း အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းမှ ခိုလှုံခွင့် ရှာဖွေသူများက အစုအဖွဲ့လိုက် ဥရောပသို့ ရွှေ့ပြောင်းဝင်ရောက်လာခဲ့ရာ လူ တစ်သန်းကျော်ရှိခဲ့တာမိုလို့ လူမှုဖူလုံရေးစနစ်များ တင်းမာလာပြီး သန်းပေါင်းများစွာသော ဥရောပမဲဆန္ဒရှင် က လက်ယာစွန်းနိုင်ငံရေး ပါတီများကို လှုံ့ဆော်ပေးခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်ရေးရုံး UNHCR ရဲ့ ဒေတာများအရ ဂရိနိုင်ငံသည် အီယူနိုင်ငံတွေထဲကို ဝင်ရောက်ဖို့အတွက် အဓိကဝင်ပေါက် တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်တုန်းက ဂရိနိုင်ငံကိုဖြတ်ပြီး ဥရောပကို ရောက်ရှိလာသူ ၄၈,၇၇၁ ဦးကို စာရင်းသွင်းထားပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ၏ အဆိုအရ ယခုနှစ် မေလ ၃ ရက်နေ့အထိ ရွှေ့ပြောင်းနေထိုင်သူများနှင့် ခိုလှုံခွင့်တောင်းခံသူ ၇,၅၈၉ ဦးက ဂရိနိုင်ငံကို ရောက်ရှိလာရာ အဲ့ဒိထဲက ၅,၆၁၅ က မြေထဲပင်လယ်ကိုဖြတ်ပြီး ရောက်လာခဲ့တာပါ။
အေသင်အစိုးရက လွန်ခဲ့သည့်နှစ်များအတွင်း ရွှေ့ပြောင်းတွေရဲ့ စီးဆင်းမှုကို ဟန့်တားရန် ခိုင်မာသော မူဝါဒအစီအမံများစွာကို ကျင့်သုံးခဲ့ပါတယ်။ ခိုလှုံခွင့်ငြင်းပယ်ခံရသူများကို ဖမ်းဆီးခြင်းတွေ လုပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့က အခြေအနေနှင့် ပတ်သက်၍ မှတ်ချက်ပေးရာတွင် ဝန်ကြီး ပလီဗရစ်က ဂရိသည် တရားမ၀င်နေထိုင်မှုနဲ့ ပတ်သက်တဲ့ ရာဇ၀တ်မှု အများဆုံး နိုင်ငံဖြစ်နေတယ်၊ ခိုလှုံခွင့်ငြင်းပယ်ခံရတဲ့သူတွေ ဂရိနိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးက ဂျာမနီ၊ နယ်သာလန်၊ သြစတြီးယားနှင့် ဒိန်းမတ်တို့နှင့်အတူ အီးယူ နယ်နိမိတ်ပြင်ပတွင် ငြင်းပယ်ခံရတဲ့ လစ်ဗျားသား ခိုလှုံခွင့်တောင်းခံသူများအတွက် အာဖရိကကို ဦးစားပေးနေရာအဖြစ် သတ်မှတ်ရန် "ပြန်လာရင် အချက်အချာနေရာများ" ဖန်တီးရန်လည်း လုပ်ဆောင်နေကြောင်း ကြေငြာခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment