အကြမ်းဖက်လှုပ်ရှားမှုကို အားပေးအားမြှောက် လုပ်နေတဲ့ ချင်းမီဒီယာတစ်ခုက လူငယ်တွေများစွာရဲ့ ဓာတ်ပုံနဲ့အတူ "တွန်းဇံကိုကာကွယ်ရန် တော်လှန်ရေးပူးပေါင်းတပ်တွေအခိုင်အမာရှိပြီး၊ ပြည်သူတွေ စစ်ဘေးရှောင်ရန်မလိုဟု CDF-Tonzang ပြော" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖော်ပြထားတာကို တွေ့ရပါတယ်။
ပြောချင်ရာပြော အကြမ်းဖက်သမားတွေရဲ့ သဘောကတော့ တပ်မတော်ကို တိုက်ခိုက်မယ်၊ ဒေသခံပြည်သူတွေကို ဒုက္ခပေးမယ်။ ဒီထက်မပိုပါဘူး။
တွန်းဇံမြို့ကို ကာကွယ်ရန် ဆိုတော့ တွန်းဇန်ကို ဘယ်သူက ကျူးကျော်နေလို့ ကာကွယ်ရမှာလဲ။ တွန်းဇံဆိုတာ မြန်မာပြည်ထဲက မြို့တစ်မြို့၊ အကြမ်းဖက်လှုပ်ရှားမှုတွေ မရှိခင်က အေးချမ်းတဲ့ မြို့တစ်မြို့ပဲ မဟုတ်ပါလား။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သွေးထိုးလှုံ့ဆော်ပြီး NUG အကြမ်းဖက်အဖွဲ့ရဲ့ သြဇာခံ အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်လာတော့မှသာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားတဲ့ အခြေအနေကို ရောက်ခဲ့ရခြင်း ဖြစ်တဲ့အတွက် တွန်းဇံမြို့ကို ကာကွယ်မယ်ဆိုရင် ပြည်ဖျက်မိစ္ဆာတွေရဲ့ ရန်ကနေ ကာကွယ်ရမှာ ဖြစ်ပါတယ်။
ချင်းမီဒီယာရဲ့ ဖော်ပြချက်မှာ "ချင်းပြည် တွန်းဇံမြို့နယ်ကို ကာကွယ်ရန်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အခိုင်အမာရှိထားပြီး ပြည်သူတွေ အနေနဲ့ စစ်ဘေးရှောင်ရန်မလိုကြောင်း CDF-Tonzang စစ်ဦစီးချုပ် Thang Suan Mung ကပြောပါတယ်။ တွန်းဇံမြို့ကို ကာကွယ်ရန်အတွက် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Tonzang၊ R-CDF နဲ့ Zo Chin Défense Force (Zo Army) စတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ရေးအရ လိုအပ်ချက်ရှိလာရင်လည်း မဟာမိတ်တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းပေးရန် အဆင်သင့် ပြင်ဆင်ထား တယ်လို့ CDF-Tonzang စစ်ဦးစီးချုပ်ကပြောပါတယ်။ ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ အခြေအမြစ်မရှိသော သတင်းတွေကြောင့် ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ မိမိတို့ နေအိမ်တွေမှာ စိုးရိမ်ပူပန်ခြင်းမရှိဘဲ နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ တွန်းဇံမြို့ဟာ ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး CDF-Tonzang/Tonzang Township Council က ထိန်းချုပ်ကာ အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်နေတာဖြစ်ပါတယ်" ဆိုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။
သတင်းဖော်ပြချက်ကို အခြေခံပြီးတော့ သုံးသပ်မယ်ဆိုရင်ပဲ ချင်းလဲန်းကောင်စီပူးပေါင်းတပ်ဖွဲ့ ဆိုတာက တရားဝင်အစိုးရနဲ့ သဘောတူညီမှု ရယူထားတဲ့အဖွဲ့လား၊ NUG အကြမ်းဖက်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့လား။ အဖြေက NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေတွေဆိုရင်တော့ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်နေတာမဟုတ်တဲ့အတွက် တပ်မတော်က ဒီအတိုင်း ကြည့်နေလို့ မရပါဘူး။ လက်နက်ကိုင်ပြီး ဒေသခံပြည်သူများအပေါ် နိုင်လိုမင်းထက် စိုးမိုးချင်လို့ မရပါဘူး။ ဘယ်လို အကြမ်းဖက်အဖွဲ့မျိုးဖြစ်ပါစေ ရှင်းလင်းဆောင်ရွက်ရမှာ တပ်မတော်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ မရှင်းလင်းရင် တပ်မတော်က တာဝန်မကျေသလို ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် အာချောင်တာတွေ၊ ပေါက်ပန်းစေး ပြောတာတွေဟာ ပြောတိုင်းမကောင်းပါဘူး။ ဟိုမြို့ကို ကာကွယ်မယ်၊ ဒီမြို့ကို ကာကွယ်မယ်လို့ အာချောင်ပြီး မြို့ရွာတွေအတွင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့လို့ ချင်းပြည်နယ်အတွင်းမှာ မြို့ရွာတွေ ပျက်စီးခဲ့ရတာလည်း များပါပြီ။
ပြည်ဖျက်မိစ္ဆာတွေ အနေနဲ့က အာချောင်ပြီး ခွက်ခေါက်တာ ထူးဆန်းတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ နှမြောမိတာက ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံ ဖြစ်နေရတဲ့ လူငယ်တွေကိုပါ။ ပြည်ဖျက်မိစ္ဆာတွေရဲ့ အသုံးချခံ အဖြစ်နဲ့ စတေးခဲ့ရတဲ့ လူငယ်တွေလည်း များလွန်းမက များလှပြီဖြစ်လို့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကိုရော ပြည်တွင်းမှာ ရှိနေပြီး အကြမ်းဖက်အဖွဲ့များကို ဦးဆောင်ကာ အာချောင် ခွက်ခေါက်နေသူတွေကိုပါ ပြောချင်တာက လူငယ်တွေကို လွတ်လပ်စွာ ရှင်သန်ခွင့် ပေးလိုက်ပါတော့။ လူငယ်တွေကို စတေးပြီး နိုင်ငံရေးအမြတ်ထုတ်လိုမှုတွေကို ရပ်တန်းက ရပ်ကြပါတော့ကွာ။ ။
ဒေါင်းနင်း
#MNP #News


No comments:
Post a Comment