ကြံခင်း၊ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ၅ ဦးပါ ကြီးကြပ်ရေးအဖွဲ့ များဖွဲ့စည်းပေးခြင်းကို မေ ၁၇ မှစတင်၍ ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ်အကူအညီပေးရေး အဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများပါဝင်သော မြို့နယ်အကူအညီပေးရေးအဖွဲ့ ၇ ဖွဲ့မှ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဘုရားတန်ဆောင်းများ၊ ဓမ္မာရုံများ၊ အခြေခံပညာကျောင်းများ၊ ဘက်စုံ သုံးခန်းမတို့၌ ဒေသခံပြည်သူများဖြင့်တွေ့ဆုံကာ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ယုံကြည်လေးစား ရသူများအား ကြီးကြပ်ရေးအဖွဲ့ ၅ ဉီးစီဖြင့် သက်ဆိုင်ရာစုရပ်များ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်း၍ ကန့်ကွက်ရန်မရှိပါက အများဆန္ဒသဘောထားဖြင့် ရွေးချယ်တာဝန်ပေးခဲ့ကြသည်။
အဆိုပါ ကြီးကြပ်ရေးအဖွဲ့ (၅) ဦးပါအဖွဲ့ ၃၅ ဖွဲ့အား မေလ တတိယအပတ်တွင် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများကို သင်းတန်းပို့ချပေးသွားမည်ဖြစ်ပြီး၊ ထိုကြီးကြပ်ရေးအဖွဲ့များမှ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေပါအတိုင်း ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၀) စု တို့တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံများ၊ အုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည် ရွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း
#MNP #News




No comments:
Post a Comment