မကွေး၊ မေ ၁၈
ယနေ့ခတ်တွင်ဒစ်ဂျစ်တယ်နည်းပညာများတိုးတက်လာမှုနှင့်အတူသင်ကြားရေးနည်းလမ်းများကိုလည်းပြောင်းလဲတိုးတက်လာစေရန်ရည်ရွယ်၍ မကွေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများအား အွန်လိုင်းနည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်စေရန်နှင့် သင်ကြားမှုအရည်အသွေးပိုမိုမြင့်မား လာစေရန် ရည်ရွယ်၍ “Google Classroom” အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း" (Capacity Building Program on Digital Teaching using Google Classroom) ကို မကွေးတက္ကသိုလ် သုတေသနဌာနစင်တာ (URC)ခန်းမ၌ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ တင်အောင်မြင့် မှ ဦးဆောင်သင်ကြားပေးမှာဖြစ်ပြီး ဘာသာရပ်ဌာန ၁၅ ခု မှဆရာ/ဆရာမ (၂)ဦး စီ တက်ရောက်သင်ယူကြသည်။ သင်တန်းတွင် Google Classroom အသုံးပြု၍ အွန်လိုင်းအတန်းများ ဖန်တီးခြင်း၊ သင်ခန်းစာများနှင့် Assignment များ ပေးပို့စီမံခြင်း၊ အမှတ်ပေးစနစ်များကို စနစ်တကျ ဆောင်ရွက်ခြင်းစသည့်ဘာသာရပ်များကို လက်တွေ့အသုံးချနိုင်သည်အထိ ပို့ချပေးသွားမည်ဖြစ်သည်။
သင်တန်းကာလကို ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၅ ရက် ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းများပြီးဆုံးသည့် အခါသက်ဆိုင်ရာဌာနအသီးသီးတွင် ဆင့်ပွားသင်တန်းများကို မေလကုန်အထိ ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
#MNP #News



No comments:
Post a Comment