စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



စဉ့်ကူး၊ မေ ၁၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်းခိုင်က ပြန်လည်ထူထောင်ရေးကာလဖြစ်သည့် အတွက် စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မိမိတို့တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းပါဝင်ပေးကြရန်၊ မိမိတို့မြို့အား ပူးပေါင်းထိန်းသိမ်း ကာကွယ်ကြရန်၊ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသန့်ရှင်းသာယာရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် မြို့တွင်းသန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းလုပ်ဆောင်ကြရန်တို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက စဉ့်ကူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပြန်လည်တင်ပြကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးမြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ ဌာနအလိုက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များအား တင်ပြခဲ့ကြရာ စစ်ဗျူဟာမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်စွာဝင်းခိုင်နှင့် တာဝန်ရှိသူများ၊ စဉ့်ကူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများအား စစ်ဗျူဟာမှူးက ကြက်ဥ၊ ဘဲဥနှင့် ခေါက်ဆွဲခြောက်ထုတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်ဇာလွင် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)