ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပုသိမ်မြို့ သူနာပြုသင်တန်းကျောင်း၊ ပြည်သူ့ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတို့ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်တို့သည် ယမန်နေ့က သူနာပြုသိပ္ပံ(ပုသိမ်) သို့ ရောက်ရှိပြီး ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ စာသင်ခန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးခန်း (Skill Lab) ၌ လက်တွေ့သင်ကြားနေမှု၊ ထမင်းချက်ဆောင်နှင့် ထမင်းစားဆောင်၊ သင်တန်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် စာသင်ခန်း (၁) ၌ သင်ကြားရေးဆရာများ၊ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ စီမံရေးရာကိစ္စများ၊ သင်ကြားရေးကိစ္စများ၊ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်နိုင်ရေးကိစ္စများ၊ အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင် အစည်းအဝေးခန်းမ၌   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ   ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်ကြီးနှင့် သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကုသမှုအရည်အသွေးနှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရေး ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ပုသိမ်)သို့ သွားရောက်၍ အတွင်းလူနာဆောင်၊ သံဃာဆောင်၊ အကြောပြင်ဌာနနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍   ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)