ပုဇွန်တောင်၊ မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ လူမှု၀န်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီး ဌာန၊ လူမှု၀န်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်အစီအစဉ် (Social Pension) နှင့်ပတ်သက်၍ အသိ ပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်လူမှု၀န်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာမွန် က လူမှုရေးပင်စင်အစီအစဉ် (Social Pension) နှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၊ အဖွဲ့၀င် ဦးမင်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်လူမှု၀န်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာမွန် နှင့်တာ၀န်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့၀င်များ၊ မြို့နယ်မိခင်ကလေးအဖွဲ့၀င်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
#MNP #News



No comments:
Post a Comment