ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံက ဆားဘီးယားအမျိုးသား လွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဋ္ဌအား သွားရောက် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံက ဆားဘီးယားအမျိုးသား လွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဋ္ဌအား သွားရောက် တွေ့ဆုံ



ဘဲလ်ဂရိတ်၊ မေ ၂၇

ဆားဘီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး/သံရုံးယာယီတာဝန်ခံ ဦးသန်းထွေးသည် ဆားဘီးယားအမျိုးသားလွှတ်တော်၊ အာဆီယံနိုင်ငံများဆိုင်ရာ လွှတ်တော်ချစ်ကြည်ရေးအဖွဲ့၊ ဥက္ကဋ္ဌ Mr. Miroslav Petrasinovic အား ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက် မွန်းလွဲ ၁၃:၀၀ နာရီ အချိန်တွင် ဆားဘီးယားအမျိုးသားလွှတ်တော်သို့ သွားရောက်တွေ့ဆုံခဲ့သည်။ 

အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြားရှိ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမို ခိုင်မာစေရေး၊ လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းသွားရေး၊ ထို့ပြင် လွှတ်တော် ၂ ရပ်မှ ကိုယ်စားလှယ်များအကြား တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ရေး၊ နှစ်နိုင်ငံပြည်သူများများနှင့် အဖွဲ့အစည်းများအကြား ပိုမိုနက်ရှိုင်းသော ဆက်ဆံရေး တည်ဆောက်နိုင်ရေး၊ ရွေးကောက်ခံ မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များ အပါအဝင် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)