ရန်ကုန်၊ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကင်းစေရေးနှင့် အမှိုက်များကြောင့်ရေမြောင်းများပိတ်ဆို့မှုမဖြစ်စေရန် စနစ်တကျစွန့်ပစ်နိုင်စေရေးအတွက် ပြည်သူလူထုအားအသိပညာပေးခြင်းကို ယနေ့နံနက်(၈:၀၀)အချိန်ခန့်မှစတင်၍ ဆောင်ရွက်ခဲ့ရာ စည်ပင်ဝန်ထမ်းများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များမှ ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စနစ်တကျအမှိုက်များ စွန့်ပစ်နိုင်စေရန် ပြည်သူလူထုအား အသိပညာပေးခြင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်ရှိ မြို့နယ်ပြည်သူ့ပန်းခြံရှေ့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လမ်းသွား/လမ်းလာပြည်သူများကို လက်ကမ်းစာစောင်များဝေငှခြင်း၊ ပညာပေးကပ်ခွာ(stickers) များကို မော်တော်ယာဉ်များတွင်ကပ်ခြင်း၊ အသိပညာပေးဆိုင်းဘုတ်များပြသ၍ အသိပညာပေးခြင်း နှင့် စနစ်တကျအမှိုက်စွန့်ပစ်မှုကြောင့် ရရှိလာနိုင်သောအကျိုးကျေးဇူးများ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးရမှုကို ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#MNP #News







No comments:
Post a Comment