ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားအနေဖြင့် အချိန်မီဘေးကင်းရာသို့ ထွက်ခွာနိုင်ရေး ဆောင်ရွက်ရန် မော်စကိုမြို့ရှိ မြန်မာသံရုံးက အရေးပေါ် ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားအနေဖြင့် အချိန်မီဘေးကင်းရာသို့ ထွက်ခွာနိုင်ရေး ဆောင်ရွက်ရန် မော်စကိုမြို့ရှိ မြန်မာသံရုံးက အရေးပေါ် ကြေညာ


မော်စကို၊ မေ ၉

မော်စကိုမြို့ရှိ မြန်မာသံရုံး က အရေးပေါ် အသိပေး ကြေညာချက်အနေဖြင့် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားအနေဖြင့် အချိန်မီဘေးကင်းရာသို့ ထွက်ခွာနိုင်ရေး ဆောင်ရွက်ရန် မေလ (၈) ရက်နေ့က ကြေညာထားသည်။

ရုရှားနိုင်ငံတွင် လာမည့် Victory Day ၌ ယူကရိန်းနိုင်ငံမှ ရုရှားနိုင်ငံအား တိုက်ခိုက်ရန် ခြိမ်းခြောက်ထားခြင်းအပေါ် ရုရှားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက တန်ပြန်ဆောင်ရွက်သွားမည် ဟု ၎င်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့် အသိပေးအကြောင်းကြားမှုများရှိခြင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင်လည်း ပျံ့နှံ့နေခြင်းတို့ကြောင့် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားအနေဖြင့် အချိန်မီဘေးကင်းရာသို့ ထွက်ခွာနိုင်ရေး ဆောင်ရွက်ပါရန်နှင့် လိုအပ်သည် များကို မြန်မာသံရုံး၊ မော်စကိုမြို့ Hot Line ဖုန်းအမှတ်၊ +7 99 11 58 2627 နှင့် အီးမေးလ်လိပ်စာ consularmemoscow@gmail.com များသို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေး ကြေညာထားသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)