ကျိုက်ထို၊ မေ ၉
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အ.ထ.က(၁)ကျောင်းသား/သူဟောင်းများ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁)ကျောင်းသား/သူ ဟောင်းများမှ မြတ်ဆရာသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာသန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီမှ ဦးလှသန်းက ပူဇော်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး အသက်(၇၆)နှစ်နှင့် (၆၆)နှစ်အထက် ဆရာကြီး၊ ဆရာမကြီးများ၊ အသက်(၆၀)နှင့်အထက် ဆရာ၊ ဆရာမများအား ပူဇော်ကန်တော့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီးတစ်ဦးနှင့်ဆရာမကြီးတစ်ဦးတို့မှ ဆုံးမဩဝါဒစကားပြောကြားပြီး မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီမှ ငွေစာရင်းရှင်းတမ်းကိုဖတ်ကြားကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
#MNP #News



No comments:
Post a Comment