တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးပွဲ ကျင်းပနိုင်ရေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးပွဲ ကျင်းပနိုင်ရေး



နန်နင်း၊ မေ ၉

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် ကွမ်ရှီး ကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Mr. Wei Ran အား ၈-၅-၂၀၂၆ ရက်၊ နံနက်(၁၀.၀၀)နာရီတွင် တရုတ်နိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်ဒေသနိုင်ငံခြားရေးရုံးသို့ သွားရောက်တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က နိုင်ငံတော်အစိုးရ၏ အဓိကရည်မှန်းချက်နှင့် အခြေခံမူဝါဒ၊ မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီးနောက် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်မှု၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ရာ ကွမ်ရှီး ကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် Mr. Wei Ran မှ မြန်မာအစိုးရအဖွဲ့သစ်၏ ဆက်လက်ဆောင်ရွက်သွားမည့်  မူဝါဒနှင့် လူပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်းနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။ 

ထို့ပြင်ကောင်စစ်ဝန်ချုပ်က ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးပွဲ ကျင်းပနိုင်ရေး၊ ပညာသင်ဆုများတိုးမြှင့်ပေးအပ်နိုင်ရေး၊ ညီအမမြို့တော် ထူထောင်ရေးကိစ္စများ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ 


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)