ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်း (ချောင်းသာ၊ ငွေဆောင်)မှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်း (ချောင်းသာ၊ ငွေဆောင်)မှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံ



ပုသိမ်၊ မေ ၉

၂၀၂၆ ခုနှစ် လူရည်ချွန်စခန်း (ချောင်းသာ၊ ငွေဆောင်)မှ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုတွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအဖြစ် ရွေးချယ်ခံရသည့် အခြေခံပညာအဆင့် ဧကာဒသမတန်းလူရည်ချွန်(၁၃၃)ဦး၊ အဆင့်မြင့်ပညာအဆင့် ပထမနှစ်နှင့်ဒုတိယနှစ် လူရည်ချွန်(၂၉၁)ဦး တို့အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ လူရည်ချွန် မောင်တို့၊ မယ်တို့သည် ပညာခေတ်တွင် နိုင်ငံတော်အတွက် အကျင့်စာရိတ္တနှင့် အရည်အသွေးမြင့်မားသော လူ့စွမ်းအားအသစ်များအဖြစ် အမျိုးသားပညာရည် မြင့်မားရေး အတွက် ဆထက်ထမ်းပိုးတိုး၍ ဆောင်ရွက်ကြမည့်သူများ ဖြစ်ကြပါကြောင်း၊ လူရည်ချွန် မောင်/မယ်တို့အနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအဘက်ဘက်တွင် ပြီးစုံနေသည့် နိုင်ငံ့သားကောင်းများအဖြစ် တိုင်းပြည်တာဝန်များကို ကျရာနေရာမှ တာဝန်ယူဆောင်ရွက်နိုင်သည့် လူတော်၊ လူကောင်းလေးများဖြစ်အောင် ဆက်လက်ကြိုးစားကြစေလိုကြောင်း”တိုက်တွန်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် လူရည်ချွန်ကြီးများအတွက် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ရာ လူရည်ချွန်မောင်မယ်လေးများကိုယ်စား လူရည်ချွန်မောင်မယ်နှစ်ဦးနှင့် လူရည်ချွန်ကြီးနှစ်ဦးက လက်ခံရယူသည်။ ထို့နောက် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လူရည်ချွန်မောင်မယ်များနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။


လှမင်းထွဋ်

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)