မချမ်းဘောမြို့နယ် ရက်(၁၀၀)စီမံချက်ဖြင့် စည်ပင်သာယာစျေးပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံပတ်ဝန်းကျင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မချမ်းဘောမြို့နယ် ရက်(၁၀၀)စီမံချက်ဖြင့် စည်ပင်သာယာစျေးပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံပတ်ဝန်းကျင်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

Uploading: 3905449 of 3905449 bytes uploaded.


မချမ်းဘော  ၊ မေ ၉

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် ခြင်၊ ယင်အန္တရာယ်များကင်းရှင်းစေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်၇နာရီက စည်ပင်သာယာစျေးပတ်ဝန်းကျင်နှင့် ပြည်သူ့ဆေးရုံပတ်ဝန်းကျင်တို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။

မချမ်းဘောမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် အပတ်စဉ်စနေနေ့တိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယခုအပတ်စဉ်တွင် စည်ပင်သာယာစျေးပတ်ဝန်းကျင်နှင့်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်အောင် ရေနှုတ်မြောင်းများရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

 ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးတူးဂျာနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ကျန်းမာရေးဝန်ထမ်းများစုစုပေါင်းအင်အား(၉၆)ဦးတို့ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ယောရွှေနီ (မချမ်းဘော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)