ကျောင်းကုန်း ၊ မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို မေ ၁၇ ရက်နေ့ကစတင်၍ ဌာနဆိုင်ရာများ ပါဝင်သော မြို့နယ်အကူအညီပေးရေးအဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းခြင်းကို မြို့နယ်ဆရာဝန်ကြီး ဦးဆောင်သောအဖွဲ့မှ ကျောင်းကုန်းမြို့နယ် ဒိုးတန်းကျေးရွာအုပ်စု၊ တက်ဆိပ်ကျေးရွာအုပ်စုနှင့် ဗလီဒေါင့်ကျေးရွာအုပ်စုတို့၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများကို အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး ပြည်သူလူထုဆန္ဒဖြင့် ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦး ရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၅)အုပ်စုတို့တွင် အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော အဖွဲ့(၁၁)ဖွဲ့က ပြည်သူလူထုဆန္ဒဖြင့် ကြီးကြပ်ရေးအဖွဲ့ဝင်(၅)ဦး ရွေးချယ်ခြင်းကို ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြကြောင်း သိရသည်။
ဝင်းကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment