ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံ ရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများအား တွေ့ဆုံရှင်းလင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံ ရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများအား တွေ့ဆုံရှင်းလင်း


မြစ်ကြီးနား၊ မေ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ ရှင်းလင်းစွာ သိရှိနားလည်ရေး တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေး ကြသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်နှင့် ပတ်သက်သည့် သိသင့် သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များအပေါ် သုံးသပ် ရှင်းလင်းသည်။

အဆိုပါ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲများကို ပူတာအိုမြို့တွင် တိုင်းခမ်းတီနှင့် ဂျိန်ဖော့မျိုးနွယ်စုများ၊ မချမ်းဘောမြို့တို့တွင် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)