ညောင်ဦး ၊ မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ပုဂံမြို့၊ မြို့ကပါကျေးရွာရှိ မနုဟာမင်းကြီး၏ မြစ်တော်နာဂ သန်းအမတ်ကြီးတည်ထားခဲ့သည့် နန်းဘုရားလိုဏ်အတွင်းရှိ ကျောက်သားဖြင့်ထွင်းထု အလှတန်ဆာဆင်ထားသည့် ပန်းတမော့ကျောက်ဆစ်လက်ရာများဖြစ်သည့် ကျောက်ဆစ်ရုပ် ဗြဟ္မာရုပ်ကြီး(၈)ရုပ်၊ သုံးမြှောင့်ပုံကနုတ်ပန်းများနှင့် ဘီလူးပန်းကိုက်ပန်းကြွလက်ရာများအား ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးညီမွန်းက နန်းဘုရားရှိ ကျောက်သားဖြင့် ထွင်းထုအလှဆင်ထားသည့် ကျောက်ဆစ်လက်ရာများသည် သမိုင်းတန်ဖိုးအလွန်ကြီးမားကြောင်းနှင့် ထိန်း သိမ်းထားရှိမှုတို့အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပုဂံမြို့ရှိ ရှေးဟောင်းအဆောက် အအုံအမှတ်(၁၀၄၂)ဆင်က အုတ်ကျောင်းတိုက်အား မူလပုံစံအတိုင်း ပြန်လည်ထိန်းသိမ်း ပြုပြင်နေမှုတို့အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ မင်းနန်သူကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက် လုပ်ကိုင်နေသော မြန်မာ့ရိုးရာ ယက်ကန်းစင်လုပ်ငန်း အထည်ရက်လုပ်နေမှုနှင့် မြန်မာလူမျိုးများ ခေတ်အဆက်ဆက်မှသည် ယနေ့တိုင်အသုံးပြုမောင်းနှင်နေသည့် နွားလှည်းမီးတင်းပြုပြင်ခြင်း လုပ်ငန်းများအား၊ ကျေးရွာစာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုတို့အား ကြည့်ရှုအားပေးစကား ပြောကြားသည်။ ပြီးနောက် ဘက်စုံသုံးခန်းမ အပြင်ပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးမှု၊ ရွှေစည်းခုံ ဘုရားတောင်ဘက်စောင်းတန်း ပြန်ပြုပြင်ထိန်းသိမ်းမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment