ဟန်တာဗိုင်းရက်စ်က ကိုဗစ်လို မဖြစ်နိုင်ပါဘူးလို့ WHO အကြီးအကဲပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟန်တာဗိုင်းရက်စ်က ကိုဗစ်လို မဖြစ်နိုင်ပါဘူးလို့ WHO အကြီးအကဲပြော


မေ - ၁၀ ( တနင်္ဂနွေနေ့ ) 

စပိန်နိုင်ငံ တန်နာရိုက်ဖ် ကမ်းလွန်တွင် လူအသေအပျောက်ရှိခဲ့တဲ့ ဟန်တာဗိုင်းရက်စ် ရောဂါဖြစ်ပွားခဲ့သော အမ်ဗီ ဟွန်ဒီယက်စ် အပျော်စီးသင်္ဘော ရောက်ရှိလာခြင်းက ဒေသခံများအတွက် ကူးစက်နိုင်ခြေ အနည်းငယ်သာရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တီးဒရို့စ် ကပြောပါတယ်။ 

နိုင်ငံပေါင်း ၂၃ နိုင်ငံမှ ခရီးသည် နဲ့ အမှုထမ်း ၁၄၇ ဦး တင်ဆောင်ထားသော ဒတ်ခ်ျအလံလွှင့်တင်ထားသော အတ္တလန်တိတ်ပင်လယ်ကူး သင်္ဘောပေါ်မှာ ရှားပါးတဲ့ ရောဂါပိုး ကူးစက်ခံရသော ကြွက်များ၊ ဆီး သို့မဟုတ် တံတွေးတို့မှတစ်ဆင့် ပျံ့နှံ့လေ့ရှိသည့် အန်ဒီးစ် အမျိုးအစား ဟန်တာဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု ဖြစ်ပွားခဲ့ပါတယ်။ 

မီဒီယာအချို့က "ပလိပ်ရောဂါသင်္ဘော" လို့ အမည်ပေးထားတဲ့ အဆိုပါ သင်္ဘောသည် ဧပြီလ ၁ ရက်နေ့တွင် အာဂျင်တီးနားမှ ကိတ်ပ်ဗာဒီ သို့ ထွက်ခွာခဲ့ပါတယ်။ ပထမဆုံး ရောဂါသည်မှာ အသက် ၇၀ နှစ်အရွယ် ဒတ်ခ်ျအမျိုးသားဖြစ်ပြီး ဧပြီလ ၆ ရက်နေ့တွင် ရောဂါလက္ခဏာများပြကာ ဧပြီလ ၁၁ ရက်နေ့တွင် သေဆုံးသွားခဲ့ပါတယ်။ ၎င်းရဲ့ အသက်၆၉ နှစ်အရွယ် ဇနီးသည် ဂျုန်းရဲ့ ရုပ်အလောင်းကို ဧပြီလ ၆ ရက်နေ့တွင် တောင်အာဖရိက ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ တတိယမြောက်ခရီးသည် ဂျာမန်အမျိုးသမီးတစ်ဦးကလည်း ဖျားနာမှုကြောင့် မေလ ၂ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ 

ဟန်တာဗိုင်းရက်စ် အများစုနှင့်မတူဘဲ၊ အန်ဒီးစ် အမျိုးအစားသည် ရောဂါပိုးရှိသူ နဲ့  အနီးကပ်ထိတွေ့ခြင်း အားဖြင့် လူမှလူသို့ကူးစက်နိုင်စွမ်းရှိပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါအတွက် ကုသနည်းမရှိပေမဲ့ ရောဂါလက္ခဏာတွေကို လိုက်လံကုသတဲ့ နည်းတော့ရှိပါတယ်။ 

ဒါပေမဲ့ WHO အကြီးအကဲ က သင်္ဘောရောက်နေတဲ့ အနီးဆုံးမြို့ဖြစ်တဲ့ တန်နာရိုက်ဖ်မြို့သားတွေကို ရောဂါပြင်းထန်တာမှန်ပေမဲ့ ကိုဗစ်ရောဂါလို မဟုတ်ပါဘူး လို့ အာမခံထားပါတယ်။ တန်နာရိုက်ဖ် မှာ ခင်ဗျားတို့ရဲ့ နေ့စဉ်ဘဝနေထိုင်မှုက ခင်ဗျားတို့အတွက် အန္တရာယ်နည်းတယ်။ ဒါက WHO ရဲ့ အကဲဖြတ်ချက်ဖြစ်ပြီး ကျနော်တို့က ပေါ့ပေါ့တန်တန်မလုပ်ပါဘူး" လို့  မနေ့က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။ 

REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)