ပခုက္ကူ၊ မေ ၁၀
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်း၊ ခေတ္တတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက် ပါကာ မေလ၉ရက် နံနက်ပိုင်းက ပခုက္ကူတက္ကသိုလ်၊ဘွဲ့ နှင်းသဘင်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်ကိုကိုက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီးအမှာစကားပြောကြားကာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင် က ခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒေသခံပြည်သူများကိုယ်စား မြို့မိမြို့ဖ ဦးလှအောင်က ပခုက္ကူမြို့နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က ကဏ္ဍအလိုက်လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ဆန်(၄၀၂)အိတ်၊ ဆီ(၁၂၀၇)ပိဿာ၊ ကုလားပဲ(၅၀)အိတ်တို့အား ပခုက္ကူတပ်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့ ဝင်များကိုယ်စား တပ်နယ်မှူး ဗိုလ်မှူးကြီး မောင်မောင်ဝင်းထံကိုလည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များကိုယ်စား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်ထံကိုလည်းကောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာကိုယ် စား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်ထံကိုလည်းကောင်း အသီးသီးထောက်ပံ့ပေး အပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပခုက္ကူမြို့၊အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်၏ သင်တန်း ကျောင်းဆိုင်ရာအချက်အလက်များ၊သင်တန်းအမျိုးအစားအလိုက်ဖွင့်လှစ်သင်ကြားပေးနေမှုများနှင့်စပ်လျဉ်း ၍ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ကာ ဆရာမများနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၁၂) သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းတံတားထိပ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပြည်သာယာခန်းမအဆောက်အအုံအခြေအနေ အား ကြည့်ရှုစစ်ဆေးကြပြီး ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားကာ မဟာဝိ သုတာရာမပါဠိတက္ကသိုလ်(အလယ်တိုက်) ဦးစီးပဓာနနာယက နိုင်ငံတော် ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တပညာဇောတ မဟာထေရ်အရှင်သူမြတ်ကြီးအား သွားရောက်ဖူးမျှော်ပြီး သင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ ဆရာဆရာမများ၊ ပညာရေးနှင့်နည်းပညာဒီပလိုမာသင်တန်းအမှတ်စဉ် (၂/၂၀၂၆) သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံကာ ကောလိပ်ကျောင်းသမိုင်းနှင့်လုပ်ငန်းဆောင်ရွက် ချက်များ၊ သင်တန်းဖွင့်လှစ်သင်ကြားပေးနေမှုများနှင့်စပ်လျဉ်း၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း၏ တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပေး အပ်ချီးမြှင့်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးနှင့်တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ဓမ္မဗိမာန် တပ်ဦးကျောင်းရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တနန္ဒောဘာသ မဟာထေရ် အရှင်သူမြတ်ကြီးအား သွား ရောက်ဖူးမျှော်ကာ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News






No comments:
Post a Comment