ညောင်ဦးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊ နွားရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်အခြေခံမွေးမြူရေးသင်တန်းဖွင့်လှစ်

 

Uploading: 2002200 of 2002200 bytes uploaded.

ညောင်ဦး  ၊  မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ တောင်ဘကျေးရွာအုပ်စု တောင်ဘကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများတွင် အဖြစ်များတတ်သော ပေါင်ပုပ်လက်ပုပ် ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အခြေခံမွေးမြူရေးသင်တန်းကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူး ဒေါက်တာခင်ချို၊ ညောင်ဦးမြို့နယ်ဦးစီးမှူး ဒေါက်တာသန္တာအေးနှင့်ဝန်ထမ်းများက နိုင်ငံတော်အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် တောင်ဘကျေးရွာရှိ တောင်သူ(၆၀)ဦး မွေးမြူထားရှိသည့်  နွားကောင်ရေ (၁၂၈) ကောင်အား ပေါင်ပုပ် လက်ပုပ်ရောဂါကာကွယ်ဆေးထိုးနှံခြင်း နွား၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်တိရစ္ဆာန်များ မွေးမြူခြင်းဆိုင်ရာနည်းလမ်းနှင့် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းအကြောင်းကို မွေးမြူရေးတောင်သူများအား အခြေခံမွေးမြူရေး သင်တန်းပို့ချခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် ကျန်ကျေးရွာအုပ်စုများတွင်လည်း ရက်(၁၀၀) စီမံချက်အနေဖြင့် ကျွဲ၊ နွားရောဂါကာကွယ်ဆေးများ ထိုးနှံခြင်း၊ မေထုန်မဲ့သားစပ်ခြင်းနှင့် မွေးမြူရေးအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)