မေ -၁၀ ( တနင်္ဂနွေနေ့ )
အစ္စရေးက အီရန်ကို တိုက်ခိုက်ရန် ၎င်းရဲ့ လေကြောင်းစစ်ဆင်ရေးကို ပံ့ပိုးပေးရန်အတွက် အီရတ်သဲကန္တာရ အတွင်း စစ်စခန်းတစ်ခုကို လျှို့ဝှက်တည်ဆောက်ခဲ့ပြီး အဲ့ဒိစခန်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ အီရတ်တပ်များကိုပင် တိုက်ခိုက်ခဲ့ကြောင်း ဝေါ်စထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီနှောင်းပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ရေးအရ စစ်ဆင်ရေးမစတင်မီ ကတည်းက လျှို့ဝှက်စခန်းကို ထူထောင်ခဲ့ကြောင်း ဂျာနယ်က ဖော်ပြထားပါတယ်။
အဲ့ဒိစခန်းမှာ အစ္စရေး အထူးတပ်ဖွဲ့များ ထားရှိကာ အစ္စရေးလေတပ်အတွက် ထောက်ပံ့ပို့ဆောင်ရေး အချက်အချာအဖြစ် ဆောင်ရွက်လျက်ရှိပြီး အစ္စရေးလေယာဉ်မှူး ပစ်ချခံရပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို လက်ခံထားပြီး အဲ့လိုလုပ်ထားတာကို အမေရိကန်ကလည်း သိထားတယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်ပျံသန်းမှု နဲ့ “ပုံမှန်မဟုတ်သော စစ်ရေးလှုပ်ရှားမှု” ကို ဒေသခံ သိုးထိန်းတစ်ဦးက သတိပြုမိပြီးနောက် ကင်းစခန်းကို မတ်လအစောပိုင်းတွင် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အီရတ်စစ်သားတွေက အဲဒီနေရာကို စုံစမ်းဖို့ သွားခဲ့ပေမယ့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်မှု ခံလိုက်ရပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင် အီရတ်စစ်သားတစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အီရတ်ဘက်ကတော့ ထိုဒေသတွင် နိုင်ငံခြား စစ်သားများ လှုပ်ရှားနေကြောင်း လုံခြုံရေးတပ်ဖွဲ့များက တွေ့ရှိပြီးနောက်တွင် အမေရိကန်ကို ကနဦး အပြစ်တင်ခဲ့ပါတယ်။ ကျနော်တို့ ယူနစ်တွေရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်ပြီး လေကြောင်းကနေ ပံ့ပိုးထားတဲ့ တိုက်ခိုက်မှုမတိုင်ခင် မြေပြင်မှာ တပ်ဖွဲ့ဝင်အချို့ ရှိနေပုံပေါ်ပါတယ်” လို့ အီရတ် ပူးတွဲစစ်ဆင်ရေးကွပ်ကဲမှု ဒုတိယတပ်မှူးက မတ်လ တိုက်ခိုက်မှုအပြီး အီရတ်နိုင်ငံပိုင် မီဒီယာသို့ ပြောကြားခဲ့သည်။ “ဒီမဆင်မခြင် ဆောင်ရွက်မှုဟာ ညှိနှိုင်းမှု သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အဆိုပါ အခြေစိုက်စခန်းက အစ္စရေးမှ ကီလိုမီတာ ၁,၆၀၀ (မိုင် ၁,၀၀၀) ကျော် ကွာဝေးပြီး အီရန်ရဲ့ တာဝေးပစ် လေကြောင်း စစ်ပွဲကို တိုက်ဖျက်ရာတွင် အစ္စရေးအား ကူညီပေးခဲ့ကြောင်း သိရပါတယ်။ အစ္စရေး တိုက်လေယာဉ်များက ပြီးခဲ့တဲ့ ငါးပတ်ကြာ စစ်ဆင်ရေးအတွင်း ထောင်နှင့်ချီသော တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး အီရတ်သဲကန္တာရကင်းစခန်းမှ အစ္စရေးတပ်ဖွဲ့များအား စစ်မြေပြင်နှင့် ပိုမိုနီးကပ်သော ရှေ့တန်းနေရာကို ပေးပို့ပေးနိုင်ခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment