မေ - ၁၀ ( တနင်္ဂနွေနေ့ )
အမေရိကန် စွမ်းအင်ဌာန (DOE) က ဗင်နီဇွဲလားမှ မြင့်မားစွာ သန့်စင်ထားတဲ့ ယူရေနီယံ (HEU) ကို ဖယ်ရှားလိုက်ကြောင်း အောင်ပွဲခံ ကြေညာခဲ့ပါတယ်။ သောကြာနေ့က ထုတ်ပြန်ချက်တစ်ခုတွင်၊ DOE က ဗင်နီဇွဲလား နိုင်ငံရဲ့ သုတေသနဓာတ်ပေါင်းဖိုမှ ကျန်ကြွင်းကျန်နေသော သန့်စင်ယူရေနီယံအားလုံးကို ဖယ်ရှားပြီး ပြုပြင်ပြီး ပြန်လည်အသုံးပြုရန်အတွက် အမေရိကန်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဖယ်ရှားလိုက်သော ပမာဏမှာ ၁၃.၅ ကီလိုဂရမ် (ပေါင် ၃၀) ဖြစ်ပါတယ်။
အဆိုပါ လှုပ်ရှားမှုက “ပြန်လည်ထူထောင်နေတဲ့ ဗင်နီဇွဲလားနဲ့ပတ်သက်လို့ ကမ္ဘာသို့ နောက်ထပ်အချက်ပြမှုတစ်ခု ပေးပို့လိုက်တာပဲဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး “သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ ပြတ်ပြတ်သားသား ဦးဆောင်မှု” ကိုလည်း ချီးကျူးထားပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်တပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွား ပြီးနောက် အမေရိကန်က ဗင်နီဇွဲလားနဲ့ ဆက်ဆံရေးကို ပြန်လည်စတင်ခဲ့ပါတယ်။ ယူရေနီယံ ဖယ်ရှားမှုကို ဗင်နီဇွဲလား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ညှိနှိုင်းခဲ့ကြောင်း DOE ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ဗင်နီဇွဲလား မှာက ၁၉၅၀ လောက်ကနေ ၇၀ လောက်အထိဖြစ်ခဲ့တဲ့ စစ်အေးခေတ် အရပ်ဖက်သုံး ဓာတ်ပေါင်းဖို တည်ဆောက်မှု ရှိခဲ့ပါတယ်။ အဲ့ဒိဓာတ်ပေါင်းဖိုတွေမှာ ရှိတဲ့ ယူရေနီယံတွေက အန္တရာယ်ဖြစ်နိုင်၊ မဖြစ်နိုင် မသိပေမဲ့ အမေရိကန်ကတော့ သိမ်းယူမှုတွေကို လုပ်ခဲ့ပါတယ်။
အရပ်ဘက် ယူရေနီယံ HEU သိုလှောင်မှုမှန်သမျှက ခိုးယူမှု၊ လွှဲပို့မှု၊ သို့မဟုတ် ကုန်ကူးမှုတို့ဆိုင်ရာ ရေရှည်ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် လည်ပတ်မှုမှ ဖယ်ရှားသင့်တယ်လို့ အမေရိကန် နျူကလီယား မပြန့်ပွားရေးအရာရှိများက စောဒကတက်ခဲ့ပါတယ်။ အဲ့ဒိလို သိမ်းယူမှုတွေကို အမေရိကန်တွေက မကြာခဏ လုပ်ခဲ့ပါတယ်။ မာဒူရိုကိစ္စကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု နဲ့ အကျင့်ပျက်ခြစားမှု တို့ကို ရည်ရွယ်ပြီး လုပ်ခဲ့တာဖြစ်ပေမဲ့ ယူရေနီယံ ကိစ္စနဲ့မပတ်သက်ပါဘူး။ ဗင်နီဇွဲလားတို့လို့၊ အီရန်တို့လို နိုင်ငံတွေမှာ ယူရေနီယံတွေ နဲ့ ဓာတ်ပေါင်းဖိုတွေ ရှိနေတာက အမေရိကန်တွေရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့် အခုလို သိမ်းယူမှုတွေကို လုပ်နေတာလို့ DOE က ဆိုပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment