မော်စကို၊ မေ ၁၀
ပြည်ပ၌ အလုပ်လုပ်ကိုင်နေသည့် ခွင့်ပြန်အလုပ်သမားများ၏ OWIC ကိစ္စရပ်များ ဆောင်ရွက် ရာတွင် လုပ်ငန်းစဉ်ပိုမိုမြန်ဆန်စေရန်အတွက် မြန်မာနိုင်ငံသို့ ခွင့်ပြန်ခြင်းမပြုမီ ၎င်းတို့၏ အလုပ်လုပ်ကိုင်မှု၊ ခွင့်ဖြင့်အမှန်တကယ် ပြန်လည်ဝင်ရောက်မှုစသည့် လုပ်ငန်းခွင် ဆိုင်ရာအချက်အလက်များနှင့် ကုမ္ပဏီ/အလုပ်ရှင်ထံမှ ခွင့်စာတို့ကို စိစစ်လျက် ထောက်ခံစာများ ကို ၁-၅-၂၀၂၆ ရက်မှ စတင်၍ မြန်မာသံရုံး၊ မော်စကိုမြို့က ထုတ်ပေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ အလုပ်သမားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်အညီ မြန်မာသံရုံး၊ မော်စကိုမြို့၌ ထောက်ခံစာ လာရောက်လျှောက်ထားရယူရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို တစ်ပါတည်း တင်ပြရန် လိုအပ်ပါသည်-
(က) ကိုယ်ရေးလျှောက်လွှာ၊
(ခ) မြန်မာနိုင်ငံကူးလက်မှတ်(မိတ္တူ)၊
(ဂ) သက်တမ်းရှိ OWIC ကတ် ရှေ့/နောက် (မိတ္တူ)၊
(ဃ) အမြဲတမ်းနေထိုင်ခွင့်ကတ်(သို့)အလုပ်လုပ်ကိုင်ခွင့်ကတ်(သို့)ဗီဇာမိတ္တူ၊
(င) ကုမ္ပဏီ/ဌာန/အလုပ်ရှင်၏ ခွင့်ပြုစာ၊
(စ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
(ဆ) ကုမ္ပဏီဆိုင်ရာအချက်အလက်များ။
ထောက်ခံစာလျှောက်ထားရန်အတွက် မြန်မာသံရုံး၊ မော်စကိုမြို့၏ အီးမေးလ်လိပ်စာ consularmemoscow@gmail.com သို့ ဖော်ပြပါစာရွက်စာတမ်းများနှင့်အတူ ပေးပို့လျှောက်ထား နိုင်ပါကြောင်း၊ အသေးစိတ်အချက်အလက်များကို www.facebook.com/memoscow တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ဖုန်းနံပါတ် +7 495 691 56 14 သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း မော်စကိုမြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားသည်။
#MNP #News



No comments:
Post a Comment