တရုတ်ဘက်က အချက် ၄ ချက်ကို မဆွေးနွေးဘူးလို့ ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်ဘက်က အချက် ၄ ချက်ကို မဆွေးနွေးဘူးလို့ ထုတ်ပြန်


မေ ၁၃ - ဗုဒ္ဓဟူးနေ့ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘေဂျင်းမြို့ကိုလာပြီး တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က အမေရိကန်ကိုယ်စာလှယ်အဖွဲ့တွေက တရုတ်ကိုလာပြီး စီစဉ်စရာရှိတာတွေ ကို လာပြီးလုပ်နေပါတယ်။  

အဲ့ဒိအချိန်မှာ အမေရိကန်ရှိ တရုတ်သံရုံးက နှစ်နိုင်ငံဆက်ဆံရေးတွင် “တစ်ဘက်နဲ့ တစ်ဘက် စိန်ခေါ်ခြင်းမပြုရ” ဆိုတဲ့ အထိခိုက်မခံနိုင်တဲ့ အနီရောင်မျဉ်းလေးခုကို ထုတ်ပြန်လိုက်ပါတယ်။ ထိုင်ဝမ်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းနှင့် နိုင်ငံရေးစနစ်များ နဲ့ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အခွင့်အရေးတို့ကို မဆွေးနွေးဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။

အရင်ကတည်းက တရုတ်သည် အမေရိကန်အနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထိုင်ဝမ်ရဲ့ ခွဲထွက်ရေးအစိုးရကို ထောက်ခံခြင်းမပြုရလို့ အကြိမ်ကြိမ် အခိုင်အမာ ပြောကြားထားတာ ရှိပါတယ်။ 

အီရန်ရေနံဝယ်ယူမှု စွပ်စွဲချက်ဖြင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက တရုတ် ရေနံချက်စက်ရုံကို ပိတ်ဆို့အရေးယူလိုက်ပြီးနောက် အမေရိကန် - တရုတ်နှင့် ဆက်ဆံရေးက ပိုမိုတင်းမာလာခဲ့ပါတယ်။ အဲ့ဒိပိတ်ဆို့အရေးယူမှုကို တရုတ်အာဏာပိုင်များက တရားမဝင်ဘူးလို့ ရှုတ်ချထားပြီး အမေရိကန်ရဲ့ ကန့်သတ်ချက်များကို လိုက်နာခြင်းမပြုရန် တရုတ်အစိုးရက ပြည်တွင်းလုပ်ငန်းရှင်တွေကို တိုက်တွန်းထားပါတယ်။ 

အီရန်အား စစ်ရေးအကူအညီများ ပေးအပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်ကို တရုတ်က ငြင်းဆိုထားပြီး အီရန်သို့ တရုတ်ဂြိုဟ်တုကုမ္ပဏီများက ဒေတာများပေးပို့နေတယ်ဆိုတဲ့  စွပ်စွဲချက်ကိုလည်း ငြင်းဆိုထားပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး တရုတ်ကုမ္ပဏီတွေကို အမေရိကန်က နာမည်ပျက်စာရင်းသွင်းခြင်းကိုလည်း တရုတ်ဘက်က အမေရိကန်ကို ရှုတ်ချခဲ့ပါတယ်။ 

"တရုတ်အစိုးရအနေနဲ့ တရုတ်ကုမ္ပဏီတွေကို ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ကိုင်ဖို့ အမြဲတောင်းဆိုပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို အခိုင်အမာ ကာကွယ်သွားမှာပါ" လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါင်ဂျီကန် က တနင်္လာနေ့တွင် ပြောကြားခဲ့ပါတယ်။ 

ဂေါင် က တရုတ်သည် အမေရိကန်နှင့် လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ဖြစ်ပြီး "တန်းတူညီမျှမှု၊ လေးစားမှုနှင့် အပြန်အလှန်အကျိုးရှိမှု စိတ်ဓာတ်ဖြင့် ကွဲပြားမှုများကို စီမံခန့်ခွဲရန်" အဆင်သင့်ရှိကြောင်း ဆိုပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)