ကျောက်တန်း ၊ မေလ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရက် (၁၀၀) စီမံကိန်းဖြင့် ကျောက်တန်းမြို့နယ်အတွင်း စံချိန်မီရပ်ကွက်ရှိ ရွှေညောင်ပင်လမ်းမကြီး ရေနှုတ်မြောင်းအရှည်ပေ (၂၀၀၀) ပေ၊ အကျယ်ပေ (၆) ပေ၊ အနက်ပေ (၄) ပေ တူးဖော်ခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်လျှက်ရှိသည်၊၊အဆိုပါ ရက် (၁၀၀) စီမံကိန်းဖြင့် ကျောက်တန်းမြို့နယ်၌ မိုးရာသီကာလ ရေကြီးနစ်မြှုပ်မှုများမဖြစ်ပွားစေရန်၊ ရေနှုတ်မြောင်းအား တူးဖော်ဆောင်ရွက်ခြင်းအား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုး၊ မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးမြင့်ဦး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်တို့မှ လုပ်ငန်းဖော်ဆောင်သို့လာရောက်ကြည့်ရှု့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment