ရန်ကုန်၊ မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၆) ကို ယနေ့ မွန်းလွဲ (၂) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ယခင်အစည်းအဝေး (၆/၂၀၂၆) ၏ ဆုံးဖြတ်ချက်ပါ အချက် (၃) ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပုဂ္ဂလိကအဆင့်မြင့်ကျောင်း (ကောလိပ်) နှင့်ပတ်သက်၍ ကွင်းဆင်းစိစစ်ရေးအဖွဲ့မှ ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်၍ ကွင်းဆင်းစိစစ်ရေးအဖွဲ့မှ ရှင်းလင်းတင်ပြပြီး အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသော ပုဂ္ဂလိက အခြေခံပညာကျောင်းကိစ္စများ ဆက်လက်ဆွေးနွေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တက်ရောက်လာသူများမှ လုပ်ငန်းဆိုင်ရာများ အသီးသီးဆွေးနွေးကြပြီး လူမှုရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အပတ်စဉ် အင်္ဂါနေ့တိုင်း ပုံမှန်ကျင်းပပြီး လုပ်ငန်းများမြန်ဆန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MNP #News






No comments:
Post a Comment