သထုံတွင် ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးရေးနှင့် တောင်သူများထံ ချေးငွေများပေးအပ်ခြင်းအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သထုံတွင် ရက်(၁၀၀)စီမံချက်ဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးရေးနှင့် တောင်သူများထံ ချေးငွေများပေးအပ်ခြင်းအခမ်းအနားကျင်းပ



သထုံ  ၊ မေ ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေများပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ သထုံခရိုင်မန်နေဂျာ ဦးနေလင်းက ယခုနှစ် ချေးငွေထုတ်ချေးပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံး အ‌ကြေပြန်လည်ပေးဆပ်ခဲ့သည့် ဓနုကတိုက်ကျေးရွာမှ တောင်သူ ၃၃ ဦးတို့၏ စိုက်ဧက ၂၉၅ ဧကအတွက် တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ချေးငွေကျပ် ၈၈၅ သိန်းကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

မိုးစပါးစိုက်ပျိုးစရိတ်‌ချေးငွေကို ယခင်နှစ်က တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးခဲ့ရာမှ ယခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် တစ်ဧကလျှင် ကျပ်သုံးသိန်းနှုန်းထုတ်ချေးပေးမည်ဖြစ်ရာ သထုံမြို့နယ်တွင် ယခင်နှစ်များက ချေးငွေများ အပြေအကြေပြန်လည်ဆပ်ပြီးသည့် ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စုမှ တောင်သူ ၂၇၈၁ ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း ၂၅၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၇၅၀၀၀ အား မေလမှ ဇူလိုင်လအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)