မေ - ၁၂ ( အင်္ဂါနေ့ )
ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒုသမ္မတ ဆာရာ ဒူတာတေးကို စွပ်စွဲပြစ်တင်ဖို့ ဖိလစ်ပိုင်ကွန်ဂရက်လွှတ်တော်က တနင်္လာနေ့မှာ ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
ဒူတာတေး အား စွပ်စွဲပြစ်တင်ရန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် လွှတ်တော်အမတ် ၂၉၀ အနက် ၂၅၇ ဦးက ထောက်ခံမဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ ဒူတာတေးအပေါ် စွပ်စွဲပြစ်တင်မှုက ယခုအခါ အထက်လွှတ်တော်တွင် တရားရင်ဆိုင်နေရပါပြီ။ တကယ်လို့ ပြစ်မှုထင်ရှားပါက သူမအား ရာထူးမှ ချက်ချင်း ထုတ်ပယ်ပြီး သမ္မတရွေးကောက်ပွဲဝင်ရန် မျှော်လင့်ချက်များကို အဆုံးသတ်စေမှာဖြစ်ပါတယ်။ စွပ်စွဲပြစ်တင်မှု မအောင်မြင်ပါက နောက်ထပ် ၂ နှစ်အတွင်း သူမအား ဘယ်သူကမှ စွပ်စွဲပြစ်တင်ခြင်း လုပ်လို့မရတော့ပါဘူး။
ဒူတာတေးက ဖိလစ်ပိုင်နိုင်ငံရဲ့ လာမည့် ၂၀၂၈ ရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရေပန်းစားနေတဲ့ ထိပ်တန်းသမ္မတလောင်းတစ်ဦး ဖြစ်ပါတယ်။
REF: UPI
#MNP #News



No comments:
Post a Comment