ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့များအား တာဝန်ပေးအပ် နိုင်စေရေး ပြည်သူများအား ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးဆွေးနွေးဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေးအဖွဲ့များအား တာဝန်ပေးအပ် နိုင်စေရေး ပြည်သူများအား ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးဆွေးနွေးဟောပြော






ကြံခင်း၊ မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ကြီးကြပ်ရေး အဖွဲ့များအား တာဝန်ပေးအပ်နိုင်ရေးအတွက် ပြည်သူများအား အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးဟောပြောပွဲကို မေလ ၁၁ ရက်နေ့နှင့် ၁5 ရက်နေ့အထိ မြို့နယ် အကူအညီပေးရေးအဖွဲ့များက သက်ဆိုင်ရာ အုပ်စုများအလိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အကူအညီပေးရေးအဖွဲ့ ၇ ဖွဲ့မှ ရပ်ကွက်၊ ကျေးရွာအုပ်စုများ သို့ သွားရောက်ပြီး၊ ဒေသခံပြည်သူများအား ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ စာအုပ်ပါ အခန်း(၁)၊ အခန်း(၃)၊ အခန်း(၄)အားလည်းကောင်း၊ နည်းဥပဒေ အခန်း(၁)နှင့် အခန်း(၂) တို့အား ဆွေးနွေးဟောပြောကြပြီး၊ ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်အကူအညီပေးရေးအဖွဲ့များက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။

ကြံခင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွပ် (၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၀)အုပ်စုတို့တွင် ၅ ဦး ပါ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးနိုင်စေရေး မြို့နယ်အကူအညီပေးရေးအဖွဲ့များက ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ကြီးကြပ်ရေးအဖွဲ့များမှ  အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အုပ်ချုပ်ရေးမှူးများခန့်အပ်ခြင်းနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံများအား ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အကူအညီ ပေး‌ရေးအဖွဲ့ ထံမှသိရသည်။


ဖြိုးဝေလင်း 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)