လသာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် Wi-Fi ကြိုးများ စနစ်တကျရှိစေရေး ပူးပေါင်းရှင်းလင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လသာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် Wi-Fi ကြိုးများ စနစ်တကျရှိစေရေး ပူးပေါင်းရှင်းလင်း ဆောင်ရွက်


လသာ  ၊  မေ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် မြို့ပြအလှတရားနှင့်လျှပ်စစ်ဘေးကင်း လုံခြုံမှုတိုးတက်လာစေရန်ရည်ရွယ်ပြီး မြို့နယ်အတွင်းရှိ လမ်းများ၌ Wi-Fi ကြိုးများအား စနစ်တကျဖြစ်အောင် ပြုပြင်ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလုပ်ငန်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှဦးဆောင်ကာ ဝိုင်ဖိုင်ကုမ္မဏီများ ပူးပေါင်းပါဝင်ပြီး လမ်းဘေးတန်းတူမကပ်သောကြိုးများ၊ ပျက်စီးနေသောကြိုးများကို ဖယ်ရှား ရှင်းလင်းပြုပြင်ကြသည်။

ထို့နောက် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူက “Wi-Fi ကြိုးများကို စနစ်တကျ ပြုလုပ်ခြင်းသည် ပြည်သူများ၏ ဘေးကင်းလုံခြုံမှုအတွက်သာမက မြို့နယ်အလှတရား တိုးတက်လာစေမည့် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်သည်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

နေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)