သူခိုးဝင်းမြင့်နှင့် အာချောင်သူများ အစည်းအရုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

သူခိုးဝင်းမြင့်နှင့် အာချောင်သူများ အစည်းအရုံး


ပြည်ဖျက်မီဒီယာတွေက ရေးသားဖော်ပြချက်တွေကို မတုန့်ပြန်ချင်သော်လည်း အနည်းငယ်လောက်တော့ တုန့်ပြန်လိုက်ပါအုံးမယ်။ စာဖတ်သူတွေအတွက်လည်း အတွေးစလေး ရစေချင်လို့ပါ။ ပြည်ပြေး ဝရမ်းပြေး Khit Thit မီဒီယာက ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ "ဦးဝင်းမြင့်ကို မြန်မာနိုင်ငံတော်သမ္မတအဖြစ် အာဆီယံက ဆက်လက်အသိအမှတ်ပြုရန်၊ မြန်မာစစ်အုပ်စုကို အာဆီယံက ပိတ်ပင်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးဟောင်းများနှင့် ကုလသမဂ္ဂ ကိုယ်စားလှယ်ဟောင်းများ ပူးတွဲကြေညာတောင်းဆို" ဆိုတဲ့ သတင်းတစ်ပုဒ်ကို တွေ့ရပါတယ်။

တောင်းဆိုသူတွေကို ကြည့်ခြင်းအားဖြင့် အာဏာလက်ရှိမဟုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘာရာထူးတာဝန်မှ မရှိတဲ့ သူတွေ က တောင်းဆိုတာဖြစ်လို့ အာချောင်သူများအစည်းအရုံးလို့ပဲ အလွယ်မှတ်သားထားနိုင်ပါတယ်။

အဲဒီသတင်းမှာ ပဒီးပဒါး ရေးသားဖော်ပြထားတာက "မြန်မာ့အရေး ဖြေရှင်းရန် ချမှတ်ထားသော အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်ပြီး ဦးဝင်းမြင့်ကို မြန်မာနိုင်ငံတော်သမ္မတအဖြစ် အာဆီယံက ဆက်အသိ အမှတ်ပြုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးဟောင်းများနှင့် ကုလသမဂ္ဂအရာရှိ ကိုယ်စားလှယ်ဟောင်းများက  ယမန်နေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။ အဆိုပါတောင်းဆိုချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ပီရွမ်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာ၊ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်ဟောင်း လိုင်လာဒီလီမာနှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ၃ ဦးဖြစ်ကြသည့် Yanghee Lee ၊ Marzuki Darusman ၊ Chris Sidoti တို့က  လက်မှတ်ရေးထိုးတောင်းဆိုလိုက်ခြင်းဖြစ်သည်" ဆိုပြီး ဂုဏ်ယူဝမ်းမြောက်စွာ ရေးသားဖြန့်ဝေထားတာကို တွေ့ရပါတယ်။

တောင်းဆိုရခြင်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပနေသည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ မအောင်မြင်တော့သည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို စွန့်လွှတ်ရန်နှင့် ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ တရားဝင်သမ္မတအဖြစ် အာဆီယံက ဆက်လက်အသိအမှတ်ပြုရန်  တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုပါပဲ အခမ်းအနားတွေ ရှိတဲ့အခါမျိုးမှာ အာချောင်သူများ အစည်းအရုံးက ချိန်ကိုက်ဆိုသလို မြန်မာပြည်ကို ထိုးနှက်လို့ ကောင်းမယ့် ခေါင်းစဉ်တွေနဲ့ ထိုးနှက်ကြတာ အစဉ်အလာလို ဖြစ်နေပါပြီ။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံအနေဖြင့် လက်ရှိကျင့်သုံးနေသော မူဝါဒဟောင်းများကို ပြောင်းလဲပြီး နည်းလမ်းသစ်များဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ရန် အလေးအနက် တိုက်တွန်းထားကြောင်း၊ အာဆီယံအနေဖြင့် ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ တရားဝင်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုထားရန်နှင့် စစ်အုပ်စု၏ နိုင်ငံရေးအရ အသိအမှတ်ပြုခံရမှု မှန်သမျှကို ဖြတ်တောက်ရန် တောင်းဆိုခဲ့ကြကြောင်း ပြည်ဖျက်မီဒီယာတွေရဲ့ ဖော်ပြချက်များအရ သိရပါတယ်။

ဆိုတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ ဆိုတာကို ဘယ်သူက ဖွဲ့စည်းပေးထားတာလဲ။ အဲဒီလူတွေက ဘယ်သူတွေကို အကြံပေးနေတာလဲ။ မြန်မာပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ရှေးရှုတဲ့ ရပ်တည်ချက်၊ အကြံပြုချက်မျိုးတွေမဟုတ်ဘဲ မြန်မာပြည်ကို နိုင်ငံရေးဖိအားပေးဖို့ အထူးပြု ဖွဲ့စည်းထားတဲ့ အကြံပေးကောင်းစီလား။ သူတို့ရဲ့ တောင်းဆိုချက်တွေကို ကြည့်ခြင်းအားဖြင့် ကောင်းမွန်သော အကြံပေးအဖွဲ့မဟုတ်ဘဲ နိုင်ငံရေးဖိအားပေးဖို့၊ မြန်မာနိုင်ငံကို နိုင်ငံရေးအကြပ်အတည်းဖြစ်စေဖို့ ဖွဲ့စည်းထားတဲ့ သဘောမျိုးဖြစ်နေပါတယ်။

ဒီအဖွဲ့ထဲမှာ ပါတယ်ဆိုတဲ့ ရန်ဟီးလီနဲ့ ပတ်သက်ပြီး အထူးပြုပြောချင်ပါတယ်။ ရန်ဟီးလီဆိုတာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ အဲဒီ အမျိုးသမီးဟာ အလွန်အမင်း အောက်တန်းစားဆန်တဲ့ ရပ်တည်ချက်မျိုး ရှိတာကြောင့် မြန်မာပြည်ကို လာတိုင်း ဆန့်ကျင်ကန့်ကွက်ခံရတဲ့ အမျိုးသမီးဖြစ်ပါတယ်။ ထိုစဉ်အချိန်က မြန်မာပြည်တွင်းမှာ ခိုးဝင်ဘင်္ဂါလီများရဲ့ အကြမ်းဖက်မှုပြဿနာတွေ ရင်ဆိုင်နေရပြီး ရန်ဟီးလီ က ခိုးဝင်ဘင်္ဂါလီများကို လူမျိုးလိမ် (ရိုဟင်ဂျာ)အမည်နဲ့ လက်ခံပေးဖို့အထိ အစိုးရကို တိုက်တွန်းတောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ အိုအိုင်စီထံက ငွေကြေးရယူပြီး သူမရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချကာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်ခြယ်လှယ်ခြင်း ဖြစ်ပါတယ်။

အထင်ရှားဆုံး ပြောရရင် ရန်ဟီးလီဟာ ပရမ်းပတာတွေ ပြောလွန်းလို့ ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ မှတ်တမ်းတွေပြန်ကြည့်ရင် ကျွန်တော်တို့ မြန်မာ့အမျိုးသားရေးကွန်ရက် က စီစဉ်တဲ့ ရန်ဟီးလီ အား ကန့်ကွက်ရှုတ်ချပွဲမှာ အမျိုးသားရေးဦးဆောင်ဆရာတော် ဦးဝီရသူ က ရန်ဟီးလီ ကို ဖာသည်မနဲ့ ခိုင်းနှိုင်းပြီး ပြောဆိုလိုက်ပါတယ်။

ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့က ဆရာတော်တစ်ပါးက ဆဲရေးတိုင်းထွာရကောင်းလား ဆိုပြီး လိုရာစွဲ ရေးသား စော်ကားမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါကတော့ ဖာသည်မ ဆိုတဲ့ ခက်ဆစ်အဖွင့် ကို ကောင်းစွာ နားမလည်ကြတဲ့ မီဒီယာတွေက ဆရာတော်ကို ပစ်မှားစော်ကားကြတာလို့ပဲ မှတ်ယူပါတယ်။ ဖာသည်မ ဆိုတာ ငွေပေးတဲ့သူအတွက်ပဲ အလုပ် လုပ်တယ်။ ငွေပေးတဲ့သူ၊ ငွေပေးတဲ့ အဖွဲ့အစည်းအတွက် အကျိုးဆောင်ပေးတယ်။ ဒါကြောင့် မြန်မာပြည်အရေးနဲ့ ပတ်သက်လာရင် ရန်ဟီးလီ ဟာ ဖာသည်မပဲ လို့ ဆရာတော်က ခိုင်းနှိုင်း ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ရန်ဟီးလီ ဖာသည်မကြီး က ကုလသမဂ္ဂမှာ တာဝန်မရှိတော့သည့်တိုင်အောင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပေါက်ပန်းစေးတွေ ဆက်လက်ပြောဆို လုပ်ဆောင်နေတာကို ထောက်ရှုခြင်းအားဖြင့် သူစားထားတာတဲ့ ငွေနဲ့ သူ့ရဲ့လုပ်အား မကျေသေးတဲ့ သဘောလို့ ယူဆရပါတယ်။ အခုထိတိုင်အောင်လည်း မြန်မာ့အရေးမှာ ဘာမဆိုင် ညာမဆိုင် အာချောင်နေတုန်းပါပဲ။ အခုထိ ဖာသည်မ လုပ်နေတုန်းပဲ ဖြစ်ပါတယ်။

ပြည်ပြေး မီဒီယာတွေမှာတော့ ဝင်းမြင့်ကို သမ္မတလို့ ပြောဆိုနေကြပေမယ့် ထောင်ထွက် ဝင်းမြင့် ကတော့ လွတ်ငြိမ်းရလာပြီးကတည်းက တစ်လုံးတစ်ပါဒတောင် မဟရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝင်းမြင့်ဟာ ၂၀၂၀ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှုကို ဦးဆောင်ခဲ့သူ၊ သမ္မတရာထူးတာဝန် ထမ်းဆောင်နေစဉ်မှာ နိုင်ငံတော် ဘဏ္ဍတွေကို အလွဲသုံးစားလုပ်ခဲ့သူ ဖြစ်ပါတယ်။ ပြည်သူလူထုက ပေးအပ်တဲ့ တာဝန်ကို ပြည်သူလူထုအကျိုးအတွက် အသုံးမချဘဲ သူ့မိသားစု ကိုယ်ကျိုးစီးပွားအတွက်သာ အသုံးချပြီး သူတို့မိသားစုဘဝတွေ သာယာပြည့်စုံသွားပါပြီ။ အာမချောင်တော့ပါဘူး။

ဝင်းမြင့် ကို သူခိုးလို့ ပြောခြင်းကြောင့်လည်း စိတ်မစိုးကြပါနဲ့။ NLD ဦးဆောင်သူတွေရဲ့ ခိုးမှုမှတ်တမ်းက အတိအကျ ရှိပါတယ်။ မဲလိမ်မဲခိုးမှုကြောင့် ထိန်းသိမ်းပြီးနောက်ပိုင်း NLD ဦးဆောင်သူတွေရဲ့ အလွဲသုံးစား လုပ်ခဲ့တဲ့ လုပ်ရပ်များကို စာရင်းထုတ်ပြန်ရာမှာ -

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု (၉)မှု အမေရိကန်ဒေါ်လာ ၄,၁၀၆,၃၁၆ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ကျပ်၊ (၄၉၂၀၆ သန်းကျော်) ဖြစ်ပါတယ်။

ဦးဝင်းမြင့် ရဲ့ အဂတိလိုက်စားမှု (၅)မှု အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၂၃,၀၄၈,၁၈၆,၀၆၅.၇၅(၂၃၀၄၈သန်းကျော်) ဖြစ်ပါတယ်။

NLDပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်း ၂၀ဦး၊ ပါတီဝင်မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ဦး၊ ပါတီဝင်မဟုတ်သည့် ဝန်ကြီးဟောင်း ၃ဦး တို့ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုဟာ ၁၃,၁၀၉,၉၀၈(၁၃သန်းကျော်) နှင့် မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ဘီလီယံကျော်) ရှိခဲ့ပါတယ်။

ယနေ့ အချိန်အထိ NLD လော်ဘီတွေက ဒေါ်စုကို သူတောင်ကောင်းမကြီးလို့ ထင်နေအောင် ပြည်သူတွေကို မှိုင်းတိုက်နေကြပါတယ်။ ဒေါ်စုကို ပြည်သူတွေက ချစ်ခင်အားပေး ထောက်ခံခဲ့တာတော့ အမှန်ပဲ။ သို့သော် ဒေါ်စုက ပြည်သူတွေရဲ့ ချစ်ခင်လေးစား ယုံကြည်မှုကို ကိုယ်ကျိုးအတွက် အသုံးချသွားတာကိုတော့ ပြည်ဖျက်မီဒီယာတွေနဲ့ NLD လော်ဘီဆိုသူတွေက ဖော်ထုတ်ပြောဆိုခြင်း မရှိပါဘူး။ လွတ်ငြိမ်းနဲ့ ထွက်လာတဲ့ သူခိုး ဝင်းမြင့်ကိုလည်း အာချောင်သူများ အစည်းအရုံးက သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုဖို့ တောင်းဆိုနေတာဟာ အလွန်အမင်း ရှက်စရာကောင်းပါတယ်။ 

ပြည်ဖျက်မီဒီယာတွေနဲ့ အာချောင်သူများအစည်းအရုံးက မြန်မာ့အရေးနဲ့ ပတ်သက်လာရင် မှန်ကန်တဲ့ ရပ်တည်ချက်မျိုး မရှိဘူး။ သူတို့လိုလားတာ ဒီမိုကရေစီမဟုတ်ပါဘူး။ သူတို့လိုလားတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းအတွက်သာ မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုပြီး အာချောင်နေကြခြင်း ဖြစ်ကြောင်း ပြည်သူတွေ သိစေချင်လို့ပါ။


နောင်တော်လေး (ဘိုကလေး)

#MNP #News  

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)