မေ - ၇ ( ကြာသပတေးနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက ယူကရိန်းကို ကန်ဒေါ်လာ ၃၇၃.၆ သန်း တန်ဖိုးရှိ ပဲထိန်းဗုံး နဲ့ တပ်ဆင်ပစ္စည်းများကို ရောင်းချဖို့ ခွင့်ပြုလိုက်ပါတယ်။
အဲ့ဒိအကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံခြားစစ်တပ်အတွက် ထုတ်လုပ်ထားတဲ့ ပဲ့ထိန်းနောက်မြီးနဲ့ ဗုံး ၁၅၃၂ ခု ပါတယ်လို့ သိရပါတယ်။ ဗုံးအကြီးစားများက ကီလိုမီတာ ဒါဇင်နှင့်ချီသော ပစ်မှတ်များကို ထိမှန်နိုင်အောင် GPS လမ်းညွှန်စနစ်ထည့်ထားတဲ့ ပဲ့ထိန်းတွေ ဖြစ်ပါတယ်။ မစ်ဆူရီပြည်နယ် စိန့်လူးဝစ်တွင် ရုံးချုပ်တည်ရှိသော ဘိုးအင်းကုမ္ပဏီက ပင်မကန်ထရိုက်တာအဖြစ် စာရင်းသွင်းထားပါတယ်။
လောလောဆယ်က သဘောတူညီချက်အရ ခွင့်ပြုလိုက်တာပဲ ရှိပါသေးတယ်။ လက်နက်တွေကို ယူကရိန်းကို ပို့၊ မပို့ကတော့ အာမမခံနိုင်သေးပါဘူး။ ကိန်းဂဏန်းများသည် ဝယ်ယူမှု၏ အများဆုံး ပမာဏနှင့် တန်ဖိုးကို ကိုယ်စားပြုပြီး အသေးစိတ်အချက်အလက်များကို ညှိနှိုင်းဆွေးနွေးမှုများနှင့် လွှတ်တော်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းတွေ ဆက်လုပ်ရဦးမှာပါ။
"အဆိုပြုရောင်းချမှုက ယူကရိန်းရဲ့ ကာကွယ်ရေးမစ်ရှင်များလုပ်ဆောင်ရန် နဲ့ ဒေသတွင်းလုံခြုံရေးတိုးမြှင့်ရန် အပိုနည်းလမ်းတွေအနေနဲ့ ယူကရိန်းရဲ့စွမ်းရည်ကို တိုးတက်စေမှာပါ"လို့ နိုင်ငံခြားရေးဌာနကဆိုပါတယ်။
ယူကရိန်းသည် F-16 တိုက်လေယာဉ်များ အပါအဝင် အနောက်တိုင်း စက်ပစ္စည်းများကို သုံးဖို့ ပြင်ဆင်နေချိန်တွင် ၎င်းတို့အား ဆိုဗီယက်ခေတ် လေယာဉ်များနှင့် လိုက်လျောညီထွေဖြစ်အောင် JDAM-ER စနစ်များကို ၂၀၂၃ ခုနှစ်ကတည်းက အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားတပ်ဖွဲ့များသည် အချက်ပြမှုများကို ဟန့်တားရန်အတွက် အီလက်ထရွန်နစ်စစ်ပွဲကို ပိုမိုအသုံးပြုလာသောကြောင့် GPS လမ်းညွှန်မှုစနစ်အပေါ် မှီခိုအားထားမှုမှာ အားနည်းချက်များကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
Ref: RT
#MNP #News

No comments:
Post a Comment