မေ - ၇ ( ကြာသပတေးနေ့ )
လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်ဘာသားရေးဆိုင်ရာ အပျိုစင်မေရီ ရုပ်တုရဲ့ပါးစပ်တွင် အစ္စရေးစစ်သားတစ်ဦး စီးကရက်တစ်လိပ်ထည့်နေတဲ့ ဓာတ်ပုံတစ်ပုံကြောင့် အွန်လိုင်းသုံးသူတွေက ဒေါသများ ထွက်ပေါ်လျက်ရှိပြီး ဆဲဆိုမှုတွေ လုပ်လာကြပါတယ်။
မနေ့က အွန်လိုင်းပေါ်ကို တက်လာတဲ့ ဓာတ်ပုံက အစ္စရေးနယ်စပ်အနီးရှိ ခရစ်ယာန်အများစုနေထိုင်သည့် ဒီဘီးလ် ရွာတွင် ရိုက်ထားတာဖြစ်ပြီး အစ္စရေး စစ်သားတွေကိုယ်တိုင် လူမှုမီဒီယာသို့ လွှင့်တင်ခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးစစ်တပ်ကတော့ အခုလိုအပြုအမှုတွေက အစွန်းရောက်လုပ်ရပ်တွေ ဖြစ်တဲ့အတွက် စစ်သားရဲ့ တန်ဖိုးများမှ “လုံးဝ သွေဖည်သွားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါဓာတ်ပုံကို လွန်ခဲ့သော ရက်သတ္တပတ်များစွာက ရိုက်ယူခဲ့တယ်လို့ သိရပါတယ်။ “အမိန့်ပေးအရေးယူမှုများ”ကို လုပ်နေကြောင်းနဲ့ အစ္စရေး စစ်တပ်အနေနဲ့ သန့်ရှင်းသောနေရာများနှင့် ဘာသာရေးဆိုင်ရာ သင်္ကေတအားလုံးကို လေးစားကြောင်း အလေးပေးကာ တရားဝင်စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်မှာဖြစ်ကြောင်း ဆိုပါတယ်။
အစ္စရေးစစ်သားတွေက လက်ဘနွန် ခရစ်ယာန်အသိုက်အဝန်းကို လျစ်လျူရှုမှုပြသခြင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့ရတဲ့ လုပ်ဆောင်ချက်များစွာထဲက တစ်ခုဖြစ်ပါတယ်။ ဧပြီလတုန်းကလည်း လက်ဘနွန်တောင်ပိုင်း မြေပြင်စစ်ဆင်ရေးအတွင်း အစ္စရေးစစ်သားတစ်ဦးက ယေရှု့ခရစ်ရဲ့ ရုပ်တုကို တူနဲ့ ထုရိုက်ဖျက်ဆီးခဲ့တဲ့ ဓာတ်ပုံတစ်ခု အွန်လိုင်းပေါ်ကို တက်လာခဲ့ပါသေးတယ်။ အစ္စရေး စစ်တပ်က အဲ့ဒိဓာတ်ပုံမှာပါတဲ့ စစ်သား ၂ဦးကို တာဝန်မှ ဖယ်ရှားပြီး ရက် ၃၀ ထောင်ဒဏ်ပေးခဲ့ပါတယ်။
မကြာသေးမီနှစ်များအတွင်းကလည်း အစ္စရေးတပ်ဖွဲ့ဝင်တွေက ဘာသာရေးဆိုင်ရာနေရာများကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတယ်လို့ ခရစ်ယာန်အသိုင်းအဝိုင်းများက အဖြစ်အပျက်များစွာကို အစီရင်ခံခဲ့ကြပါတယ်။ ၂၀၂၃ ခုနှစ်တုန်းက ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် ဂရိသြသဒေါက်စ်ဘုရားကျောင်းဘေးရှိ စိန့်ပေါ်ဖီရီယက်စ် အဆောက်အအုံကို ထိမှန်ခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်တွင် အစ္စရေး တင့်ကားတွေက ကက်သလစ် သာသနာ့နယ်မြေဖြစ်တဲ့ ဂါဇာရှိ သန့်ရှင်းသော မိသားစု ဘုရားကျောင်း ပျက်စီးခဲ့ပြီး သုံးဦး သေဆုံးခဲ့ပါတယ်။
Ref: RT
#MNP #News

No comments:
Post a Comment