ရန်ကုန်၊ မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လသာမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ တိုင်းပညာရေးမှူး ဦးမျိုးဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မ များ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "မီးမီးလေးရဲ့မေ့မေ့ကျောင်း" သီချင်းကို တီးခတ်ဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်များ၊ Football for School Programme အတွက် ဘောလုံးများ၊ ကျောင်းဝတ်စုံများ၊ ဘောလ်ပင်များ၊ ခဲတံများနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
ထို့နောက် အ.ထ.က (၂) ကမာရွတ်မှ ကျောင်းသား/သူများက "ကျောင်းအပ်နှံရေးသီတင်းပတ်" သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၅) ဗိုလ်တထောင်မှ ကျောင်းသား/သူများက "လုံချည်စိမ်းနှင့်အင်္ကျီဖြူ" သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က (၄) အလုံမှ ကျောင်းသား/သူများက "အနာဂတ်လူရည်မွန်" သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ ကျောင်းအပ်နှံနေမှုအား လိုက်လံကြည့်ရှုအားပေးကြသည်။
#MNP #News













No comments:
Post a Comment