ထရမ့်ကို လုပ်ကြံမယ်လို့ ထင်မြင်ယူဆရတဲ့ လူငယ်ကို အသေပစ်ခတ်ဖမ်းဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်ကို လုပ်ကြံမယ်လို့ ထင်မြင်ယူဆရတဲ့ လူငယ်ကို အသေပစ်ခတ်ဖမ်းဆီး


မေ - ၂၅ ( တနင်္လာနေ့ ) 

အသက် ၂၁ နှစ်အရွယ်ရှိ မေရီလန်းပြည်နယ်သား စိတ်ကျန်းမာရေးပြဿနာရှိတဲ့ လူငယ်တစ်ဦးကို လုံခြုံရေး အေးဂျင့်တွေက အိမ်ဖြူတော် အဆောက်အအုံအပြင်ဘက်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် အသေပစ်ခတ် လိုက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် စနေနေ့က အိမ်ဖြူတော်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ 

အဆိုပါဖြစ်ရပ်ကြောင့် မြောက်ဘက်မြက်ခင်းပြင်ကို ရှင်းလင်းခဲ့ရပြီး သတင်းထောက်များနဲ့လုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ အိမ်ဖြူတော်နှင့် ၎င်း၏ခြံဝင်းတို့ကို ပိတ်ချထားလိုက်ပါတယ်။ အိမ်ဖြူတော်ထဲမှာရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ 

သံသယရှိသူ အမျိုးသားက ၁၇ လမ်းနှင့် ပန်ဆယ်ဗေနီးယား အဆောက်အအုံ အနောက်မြောက်ဘက်ရှိ စစ်ဆေးရေးဂိတ်တစ်ခုသို့ ချဉ်းကပ်လာကာ ၎င်း၏အိတ်ထဲမှ လက်နက်တစ်လက်ကို ထုတ်ကာ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ကြောင်း အမေရိကန် လျှို့ဝှက်ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ 

လျှို့ဝှက်ထောက်လှမ်းရေး အေဂျင့်တွေက သံသယရှိသူကို ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို ဒေသန္တရဆေးရုံကို ခေါ်ဆောင်သွားပြီး နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာမှ ဖြတ်သွားဖြတ်လာလူတစ်ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပေမဲ့ သံသယရှိသူရဲ့ ကနဦး သေနတ်ဖြင့် ထိမှန်ခြင်း သို့မဟုတ် နောက်ဆက်တွဲ ပစ်ခတ်မှုကြောင့်ထိမှန်ခြင်း ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လျှို့ဝှက်ထောက်လှမ်းရေးအေဂျင့်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။ 

ABC သတင်းဌာနမှ သတင်းထောက် က မြောက်ဘက်မြက်ခင်းပြင်တွင် ဗီဒီယိုရိုက်ကူးနေချိန်တွင် အဆိုပါပစ်ခတ်မှုကို ကြားသိရတာပါ။ "ဒါဟာ သေနတ်သံ ဒါဇင်နဲ့ချီတဲ့ အသံနဲ့တူတယ်" လို့ ၎င်း က အိတ်စ်ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။ "သတင်းစာရှင်းလင်းပွဲ အခန်းထဲကို ပြေးဖို့ ကျနော်တို့ကို ပြောလို့ အထဲကို ဝင်ပြေးခဲ့ရတယ်" လို့ ဆိုပါတယ်။ 

အာဏာပိုင်များက သံသယရှိသူအား မေရီလန်းပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် နာဆီရီဘက်စ် လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၎င်းက ၂၀၂၅ တုန်းက အိမ်ဖြူတော်ဝင်းထဲကို ကျူးကျော် ဝင်ရောက်လို့ အဖမ်းခံခဲ့ရဖူးတယ် လို့ သိရပါတယ်။ အဲ့ဒိတုန်းက သူက သူ့ကိုယ်သူ ယေရှုသခင်လို့ ပြောခဲ့ဖူးပါတယ်။ 

အိမ်ဖြူတော်ကို လော့ဒေါင်းချထားရပြီး စနေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် ရုတ်သိမ်းခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)