မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် အဝီစိ ရေတွင်း ၊ ရေကန် နှင့် ရေစင် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီးတွင် အဝီစိ ရေတွင်း ၊ ရေကန် နှင့် ရေစင် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်







မြောက်ဥက္ကလာပ၊ မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီးခြံ၀င်အတွင်း အဝီစိ ရေတွင်း ၊ ရေကန် နှင့် ရေစင် ပြုလုပ်လှုဒါန်းခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို  ယနေ့ နံနက်ပိုင်းက အဆိုပါ ဆုတောင်းပြည့်မယ်လမုစေတီတော် ဂေါပကအဖွဲ့ရုံးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ပင့်ဖိတ် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ အလှူဒါယိကာမ ဒေါ်နက်စိန်အား အမှူးထား၍ ဦးမြင့်သိန်း ဇနီး ဒေါ်ခင်ငယ် မိသားစု ၊မြို့နယ်သာသနာ့‌ ရေးမှူး ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ယာယီ (ဥက္ကဋ္ဌ)ဦးသန်းအောင် နှင့် အဖွဲ့၀င်များ  ၊ ဥပါသကာအဖွဲ့၀င်များ ၊ ဧည့်ပရိတ်သတ်များက နမောတဿ မဟာပဏာမ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး  ဆုတောင်းပြည့်မယ်လမုစေတီတော်ဩဝါဒစရိယမြို့နယ်သံဃနာယက ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဇလွန်ပရိယတ္တိစာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များကရွတ်ဖတ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူခဲ့ကြရာ အလှူရှင်မိသားစုမှ န၀ကမ္မအလှူငွေများ ဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ ဓမ္မိဿရကျောင်းတိုက် ဆရာ တော် ထံမှ အနုမောတနာ တရားနှင့် ရေစက် သွန်းချ တရားနာယူကြရာ  လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းခဲ့ကြသည်။

အဆိုပါ ဆုတောင်းပြည့်မယ်လမု စေတီတော် အတွင်းအဝီစိ ရေတွင်း ၊ ရေကန် နှင့် ရေစင် လှူဒါန်းသော အလှူ ငွေတန်ဖိုးမှာ ၂၇၀၀၀၀၀၀ ကျပ် နှင့် စုစုပေါင်းကုန်ကျငွေ ၇၅၀၀၀၀၀၀ ကျပ် ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ထံမှ သိရသည်။


သက်လွင်စိုး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)