လွိုင်လင် ၊ မေ ၁၈
ပြည်ထဲရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂/၂၀၂၆)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်တုန့်ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် ကျွမ်းကျင်လေ့ကျင့်ပြည့်ဝသော မီးသတ်တပ်ဖွဲ့ဝင်များဖြစ်စေရန် လေ့ကျင့်ရေးမွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ခေတ်မီစက်ပစ္စည်းများ၊ နည်းပညာများကိုကျွမ်းကျင်ပိုင်နိုင်ပြီး လက်တွေ့အသုံးချတတ်စေရန်ရည်ရွယ်၍ မွမ်းမံသင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။အဆိုပါ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်းကို သင်တန်းသား (၃၅) ဦးဖြင့် ယနေ့မှစ၍ ဇွန်လ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment