အမေရိကန်က ဥရောပမှာ တပ်စွဲထားတဲ့ တပ်တွေကို ပြန်သိမ်းနေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က ဥရောပမှာ တပ်စွဲထားတဲ့ တပ်တွေကို ပြန်သိမ်းနေပြီ


မေ - ၁၇ ( တနင်္ဂနွေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဥရောပမဟာမိတ်များကြား အီရန်အပေါ် မူဝါဒနဲ့ ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်နေချိန်တွင် ပင်တဂွန်က ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ဝင် ၄,၀၀၀ ချထားရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ 

အေဘရမ် တင့်ကားများနှင့် ဘရက်ဒလေ တိုက်ခိုက်ရေးယာဉ်များနှင့်အတူ အမှတ်၂ သံချပ်ကာ တပ်မဟာ တိုက်ခိုက်ရေးအဖွဲ့မှ စစ်သားအချို့က ပိုလန်နိုင်ငံသို့ ရောက်ရှိနေပြီ သို့မဟုတ် လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်ပေမဲ့ ပင်တဂွန်မှ အကြောင်းကြားလာတာကြောင့် တပ်စွဲထားခြင်းကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ 

အမေရိကန်၏ ဥရောပနိုင်ငံများဆိုင်ရာ စစ်ဌာနချုပ် အကြီးအကဲ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ လာနီဗ်က “အင်အား လျှော့ချခြင်းဆိုင်ရာ ညွှန်ကြားချက်များ ရရှိထားကြောင်း” ကွန်ဂရက်သို့ ပြောကြားခဲ့ပါတယ်။ 

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တက်စ် က အမေရိကန်တပ်တွေရဲ့ ဆုတ်ခွာမှုက ဥရောပရှိ အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့အချို့ထံတွင် ယခင်က ကြေညာထားတဲ့ အပြောင်းအလဲနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ပိုလန်တွင် အမေရိကန် စစ်သည် ၁၀,၀၀၀ ကျော် အလှည့်ကျ တပ်စွဲထားပါတယ်။ 

ထရမ့်က နေတိုးအဖွဲ့ဝင်နိုင်ငံများအား ကာကွယ်ရေးအတွက် ငွေကြေးလုံလောက်စွာသုံးစွဲရန် ပျက်ကွက်တယ်လို့ စွပ်စွဲထားပေမဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက်သ် ကတော့ ပိုလန်သည် ပြီးခဲ့သောနှစ်က ကာကွယ်ရေးအတွက် တိုင်ပြည်ဝင်ငွေ (GDP) ရဲ့ ၄.၇ % ခန့်ကို သုံးစွဲခဲ့လို့ "စံပြမဟာမိတ်" အဖြစ် ဖော်ပြခဲ့ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)